" ရင်နာနာနဲ့ ပဲ "
တစ်ခါမှ မချစ်ဖူးတဲ့ အသည်း
မင်းခွဲမယ်ဆိုလည်း...
ရင်နာနာနဲ့  ခံဦးမယ်။
ပြောနေတဲ့  စကားတွေတိုင်းမှာ
သမုဒယတွေမပါတာသိလည်း...
ရင်နာနာနဲ့  နားထောင်ဦးမယ်။
နှလုံးသားကို ခေါင်းပုံဖြတ်
ဆင်ခြင်တွေပေးပြီး လှိမ့်လည်း...
ရင်နာနာနဲ့ ယုံဦးမယ်။
နှုတ်ဆက်လို့ ကျောခိုင်းသွား
ဒီရင်ခွင်ပြန်မလာမှန်းသိပေမယ့် ...
ရင်နာနာနဲ့ လွမ်းဦးမယ်။
နောက်တစ်ယောက်နဲ့ ပျော်တာတွေ့ လဲ
မင်းအချစ် ငါမရခဲ့ တာသိတော့ ...
ရင်နာနာနဲ့ ပဲ......။
*** မိုးရိပ်ကို ***
ရင်နာနာနဲ့ချစ်နေပါမယ်ပေါ့လေ..
ReplyDeleteအားပေးသွားပါတယ် ညီမရေ
ကဗျာလေးကောင်းလိုက်တာ။အသစ်တင်တိုင်းဖတ်ချင်လို့ လင့် ယူသွားတယ်နော်
ReplyDeleteဒီကဗျာလေးလဲကောင်းတယ်မိုးရိပ်ရေ
ReplyDeleteအဲ့ဒါ ခံစားချက်အမှန်ဆိုရင် သူ့ကို တစ်ယောက်ယောက်က ပစ်သွားတာသေချာတယ်
ReplyDelete