မိုးရိပ်မှရောက်လာသောမိတ်ဆွေများကိုနွေးထွေးစွာကြိုဆိုပါတယ်နော်...စိတ်၏ချမ်းသားခြင်း...ကိုယ်၏ကျမ်းမာခြင်းများနှင့်ပြည့်စုံကြပါစေရှင်

Thursday, May 17, 2012

အိမ်ဝေးဌက်ရဲ့ လွမ်းချင်း....

  " အိမ်ဝေးဌက်ရဲ့ လွမ်းချင်း "

အချိန်မှန် ဆူနေကျ
အမေ့အသံ လွမ်းတယ်...။

နေရာတစ်ကာ စိုးရိမ်တတ်တဲ့ 
အဖေ့ ကိုလည်း လွမ်းတယ်...။

မတည့်အတူနေ ရန်ဖြစ်တတ်တဲ့ 
အစ်ကို တွေကို လွမ်းတယ်...။

ညဉ့် နက်သန်းခေါင် အော်ခဲ့ ဖူးတဲ့ 
ဂစ်တာသံတွေ လွမ်းတယ်....။

ဘားဂျက်ထိရင် ဘေဖွင့်သောက်တဲ့ 
ပွိုင့်ကဖေးဆိုင် လွမ်းတယ်...။

မသွားရ မထိုင်ရ မချက်ရ မနေနိုင်တဲ့ 
Phyo က ခုံလေး လွမ်းတယ်....။

အတူကွဲ အတူရွဲ ..အတူကဲ ခဲ့ ဖူးတဲ့ 
ဘော်ဒါတွေကို လွမ်းတယ်...။

လသာညတွေ မော့ကြည့်ခဲ့ တဲ့ 
ကြယ်စုံ ကောင်းကင် လွမ်းတယ်...။

ကော်ဖီတစ်ခွက် ၊ဂစ်တာတစ်လက်နဲ့ 
ခုံတန်းပြာပေါ် အတူထိုင်ခဲ့ ပေးခဲ့တဲ့ 
ကောင်လေးတစ်ယောက်ကို လွမ်းတယ်...။



                                                            *** မိုးရိပ်ကို ***


D ခံစားချက်က 2010 ခုလောက်တုန်းကပေါ့...အိမ်က ထွက်လာပြီး နှစ်လလောက်မှာ ပေါ်လာတဲ့ ခံစားချက်ကို ချရေးခဲ့ တာ....။ပထမဆုံး အိမ်လွမ်းဖြစ်တဲ့ ခံစားချက်က စာပိုဒ်တစ်ပုဒ်ဖြစ်လာခဲ့ တယ်...။အိမ်ဝေးဌက်ဘ၀မှာ စွန့်လွှတ်လိုက်ရတဲ့  ပိုင်ဆိုင်မှုတွေ အမှတ်ရစေဖို့ ... မိုးရိပ်နေ့ စွဲမှာ ထည့်သွင်းလိုက်ပါတယ်...။ဘ၀တူအိမ်ဝေးဌက်တွေ ...ခံစားကြည့်ပေါ့။


4 comments:

  1. အိမ်ပြေးကဗျာလေးခံစားသွားပါတယ်။။

    ReplyDelete
  2. ကိုယ်နဲ့ ဘ၀တူတွေချင်းမို့ မျက်ရည်ကျအောင်ခံစားမိတယ်။
    နန္ဒလျန်---http://nandalayan-nandalayan.blogspot.in/

    ReplyDelete
  3. ဖတ်ပြီး အတူတွဲပြီး ကျောင်းပြေးကုလားကားကြည့်ခဲ့တဲ့ သူငယ်ချင်းတွေကိုလွမ်းတယ်
    ခင်တဲ့ sis jasmine

    ReplyDelete