မိုးရိပ်မှရောက်လာသောမိတ်ဆွေများကိုနွေးထွေးစွာကြိုဆိုပါတယ်နော်...စိတ်၏ချမ်းသားခြင်း...ကိုယ်၏ကျမ်းမာခြင်းများနှင့်ပြည့်စုံကြပါစေရှင်
Sunday, May 20, 2012
ရင်နာနာနဲ့ ပဲ.....
                                               " ရင်နာနာနဲ့ ပဲ "
                                      တစ်ခါမှ မချစ်ဖူးတဲ့ အသည်း
                                      မင်းခွဲမယ်ဆိုလည်း...
                                      ရင်နာနာနဲ့  ခံဦးမယ်။
                                      ပြောနေတဲ့  စကားတွေတိုင်းမှာ
                                      သမုဒယတွေမပါတာသိလည်း...
                                      ရင်နာနာနဲ့  နားထောင်ဦးမယ်။
                                       နှလုံးသားကို ခေါင်းပုံဖြတ်
                                       ဆင်ခြင်တွေပေးပြီး လှိမ့်လည်း...
                                       ရင်နာနာနဲ့ ယုံဦးမယ်။
                                       နှုတ်ဆက်လို့ ကျောခိုင်းသွား
                                       ဒီရင်ခွင်ပြန်မလာမှန်းသိပေမယ့် ...
                                       ရင်နာနာနဲ့ လွမ်းဦးမယ်။
                                        နောက်တစ်ယောက်နဲ့ ပျော်တာတွေ့ လဲ
                                        မင်းအချစ် ငါမရခဲ့ တာသိတော့ ...
                                        ရင်နာနာနဲ့ ပဲ......။
                                                                                                   ***  မိုးရိပ်ကို ***
Thursday, May 17, 2012
အိမ်ဝေးဌက်ရဲ့ လွမ်းချင်း....
  " အိမ်ဝေးဌက်ရဲ့ လွမ်းချင်း "
အချိန်မှန် ဆူနေကျ
အမေ့အသံ လွမ်းတယ်...။
နေရာတစ်ကာ စိုးရိမ်တတ်တဲ့ 
အဖေ့ ကိုလည်း လွမ်းတယ်...။
မတည့်အတူနေ ရန်ဖြစ်တတ်တဲ့ 
အစ်ကို တွေကို လွမ်းတယ်...။
ညဉ့် နက်သန်းခေါင် အော်ခဲ့ ဖူးတဲ့ 
ဂစ်တာသံတွေ လွမ်းတယ်....။
ဘားဂျက်ထိရင် ဘေဖွင့်သောက်တဲ့ 
ပွိုင့်ကဖေးဆိုင် လွမ်းတယ်...။
မသွားရ မထိုင်ရ မချက်ရ မနေနိုင်တဲ့ 
Phyo က ခုံလေး လွမ်းတယ်....။
အတူကွဲ အတူရွဲ ..အတူကဲ ခဲ့ ဖူးတဲ့ 
ဘော်ဒါတွေကို လွမ်းတယ်...။
လသာညတွေ မော့ကြည့်ခဲ့ တဲ့ 
ကြယ်စုံ ကောင်းကင် လွမ်းတယ်...။
ကော်ဖီတစ်ခွက် ၊ဂစ်တာတစ်လက်နဲ့ 
ခုံတန်းပြာပေါ် အတူထိုင်ခဲ့ ပေးခဲ့တဲ့ 
ကောင်လေးတစ်ယောက်ကို လွမ်းတယ်...။
                                                            *** မိုးရိပ်ကို ***
D ခံစားချက်က 2010 ခုလောက်တုန်းကပေါ့...အိမ်က ထွက်လာပြီး နှစ်လလောက်မှာ ပေါ်လာတဲ့ ခံစားချက်ကို ချရေးခဲ့ တာ....။ပထမဆုံး အိမ်လွမ်းဖြစ်တဲ့ ခံစားချက်က စာပိုဒ်တစ်ပုဒ်ဖြစ်လာခဲ့ တယ်...။အိမ်ဝေးဌက်ဘ၀မှာ စွန့်လွှတ်လိုက်ရတဲ့  ပိုင်ဆိုင်မှုတွေ အမှတ်ရစေဖို့ ... မိုးရိပ်နေ့ စွဲမှာ ထည့်သွင်းလိုက်ပါတယ်...။ဘ၀တူအိမ်ဝေးဌက်တွေ ...ခံစားကြည့်ပေါ့။
Wednesday, May 16, 2012
ကွန်ပျူတာ ဟက်ကာတစ်ဦး၏အားရဖွယ်မေးခွန်းများ
 ကွန်ပျူတာ ဟက်ကာတစ်ဦး၏အားရဖွယ်မေးခွန်းများ...
မေး။ တဂစ်မှာဘယ်နှစ်ဘိုက်ရှိပါသလဲ
ဖြေ ။ဂစ်လို့ အော်တဲ့ဌက်တစ်ကောင်မှာတစ်ဗိုက်
ဘဲရှိပါတယ်
ဆက်ဖတ်ကြည့်ရအောင်
မေး ။ email ပို့ နေရင်းconnectionပြုတ်သွားတဲ့အခါဘယ်လိုလုပ်ရင်အကောင်းဆုံးပါလဲ
ဖြေ ။
အကောင်းဆုံးကတော့ကွန်ပျူတာပါဝါပိတ်ပြီးအိပ်ပါဆိုင်မှာဆိုရင်တော့အိမ်ပြန်ပါ
မေး ။ကွန်ပျူတာထဲဗိုင်းရပ်စ်ဝင်ရင်ဖြေရှင်းပုံလေးအသေးစိတ် ပြောနိုင်မလား
ဖြေ ။ ဟုတ်ကဲ့ရပါတယ်
၁။ systemပုံးကိုအရင်ဖွင့်ပါ
၂။ ရှိရှိသမျှ ဟတ်ဒစ်၊မားသားဘုတ်၊ရှိသမျှကတ် အကုန်ဖြုတ်ပါ။
၃။ပြီးရင်တော့ဆပ်ပြာမှုန့် များများနဲ့ ဖျော်ထားတဲ့ ဇလုံထဲကိုထည့်ပြီး
Decogenနဲ့ တစ်ညစိမ်ပါ
၎ ။ နောက်တစ်နေ့ ကျပြန်ဆေးကြောပြီးနေပူပူမှာ လှမ်းပါ။
၅ ။ ခြောက်သွေ့ သွားသောအခါပစ္စည်းများကိုနေရာတကျ ပြန်တတ်ပါ
၆။ စက်ကိုပြန်ဖွင့်သောအခါ VIRUS မရှိတော့ကြောင်းပျော် ရွှင်ဖွယ်တွေ ရပါလိမ်
့မည်။
၇ ။ နောက်ပိုင်းသုံးရင်SYSTEM ပုံးကိုဗိုင်းရပ်စ်ထပ်မ၀င်အောင်
နေပူထဲထားကာအသုံးပြုပါဟု
မေး ။သမီးကွန်ပျူတာအရမ်းလေးနေလို့ ဘာလုပ်ရမှန်းမသိဘူးဖြစ်နေတယ် ။ ကူပါဦး
ဖြေ ။ အရင်ဆုံးဟတ်ဒစ်(စ်)ဖြုတ်ထားလိုက်ပါ ။
ဒါမှလေးနေရင်ပါဝါစပလိုင်းထပ်ပါဖြုတ်ထား
လိုက်ပေါ့အရမ်းအရမ်းပေါ့သွားမယ်
မေး ။ကျွှန်တော်တို့ ဘက်ကမီးမှန်ဘူး ။
UPS ကလဲသိပ်မကောင်းတော့
မီးပျက်ချိန်ကွန်ပျူတာမြန်မြန်ပိတ်ချင်ရင်ဘယ်လိုလုပ်ရမလဲ
ဖြေ ။ upsနဲ ကွန်ပျူတာသွယ်တားတဲ့ပလပ်ကိုချက်ချင်းဆွဲဖြုတ်ပါ။
ချက်ချင်းပိတ်သွားရစေမယ်
မေး ။ခဏခဏ restart ကျနေတဲ့အတွက်ဖြေရှင်းပေးပါ
ဖြေ ။ဆိုင်ပို့ လိုက်ပါ
မေး။ ကျွှန်တော့်window
ကအဖွင့်အပိတ်ကြာနေတယ်ဘယ်လိုလုပ်ရမလဲ window မှာပြသနာရှိလို့ လား
ဖြေ။ ဟုတ်ပါတယ် window ကိုအဖွင့်အပိတ်ချောင်အောင်ပတ္တာမှာဆီနဲနဲ ထိုးပေးပါ ။
ကဲဆက်ဖြေမယ်နော်
မေး။အင်တာနက်သုံးဖို့ ဘာလိုအပ်ပါသလဲရှင်
ဖြေ။ပိုက်ဆံလိုတာပေါ့သမီးရယ်ဟုတ်ဘူးလား
မေး။သမီးပို လိုက်တဲ့အီးမေးဟိုဘက်ရောက်မရောက်ဘယ်လိုသိနိုင်မလဲ
ဖြေ ။ဖုံးဆက်ပြီးမေးကြည့်ပါ။
မေး။အီးမေးတွေထဲကစာတွေမှာဗိုင်းရပ်စ်ပါမပါဘယ်လိုသိနိုင်မလဲ
ဖြေ။အဲ့ဒီအီးမေးကိုဖွင့်ကြည့်ပါ-သင့်စက်ထဲဗိုင်းရပ်စ်ဝင်လို့ ရှိရင်ဗိုင်းရပ်စ် ပါလို့ ပေါ့ကွယ်။
Monday, May 14, 2012
ညီမလေးဈေးကောင်းရပါစေ ....
Sorry ပဲ ညီမလေး ...
ကိုယ် ဘာမှမတတ်နိုင်ဘူး။
မင်းအမေ နေမကောင်းတာ
မင်းမောင်လေး ညီမလေးတွေ ကျောင်းစားရိတ်လိုနေတာ
မင်းကိုယ်တိုင်အတွက် ရောင်းပန်းလှဖို့ ၊ ဈေးကွက်ဝင်ဖို့
ပါတိတ် ၊ သရီးစတက် ၊ မီနီစကပ် ၊ နှုတ်ခမ်းနီ ပါးနီ ၊ အော်ဒီကလုံး
ကိုယ်မတတ်နိုင်ဘူးကွဲ့
မင်းတို့က မပဋာဆိုရင် ကိုယ်လည်းပဲ မောင်ဒါသပါကွယ်။
Sorry ပဲ ညီမလေးရေ ...
မင်းရဲ့ ဘုရားပေး လယ်တပွဲ
နှမ်းပဲစိုက်စိုက် ၊ ဘူးပဲပျိုးပျိုး
နွေစပါး ၊ မိုးစပါးနဲ့ သီးထပ်သီးညှပ်
မပြတ်တမ်းစိုက်လည်း
ကိုယ့်မှာ ဓာတ်မြေသြဇာဖိုးမရှိ
ဟိုကောင်တွေဆီမှာတော့ အာသာငမ်းငမ်း
အကြည့်တွေ ရှိချင်ရှိလိမ့်မယ်
ဒါကိုတော့ မင်းလည်းသိတယ် ၊ ကိုယ်လည်းအသိပဲ။
Sorry ပဲ ညီမလေးရေ ...
မင်းဟာ နှုတ်မစောင့်သော လိပ်မလေး ဆိုပါတော့
ယုတ်မာရိုင်းစိုင်းတဲ့ နွားကျောင်းသားတချို့
မင်းအတွက် မီးဖိုနေကြပြီ
အားပျော့ပျော့ မင်းလက်ကလေးတွေ
နွမ်းဖတ်ဖျော့တော့ မင်းနှုတ်ခမ်းလေးတွေ
ချွေးစီးကြောင်းလေးနဲ့ အနားသတ်ထားရှာတဲ့
မင်းရဲ့ ပါးကွက်ပါးလေး
အဲဒါလေးကလည်း သစ္စာတစ်ပါးပဲပေါ့
မင်းလိုအပ်နေတဲ့ ထမင်းတစ်နပ်အတွက်
မဲမှောင်နေတဲ့ မင်းရဲ့ မနက်ဖြန်လေးတွေကို
ဈေးကွက်တင်ချေဦး ညီမလေး။
မင်းအပြုံးလေးတွေကို သူတို့မှတ်တမ်းတင်လိမ့်မယ်
တစ်ခဏတာအတွက် အသပြာရှိပေမယ့်
အရှက်သိက္ခာ တစ်ရွေးသားမျှမရှိရှာတဲ့ လူ့ငနွားတွေ
ရေနစ်နေတဲ့ ကောက်ရိုးလေး မင်းကို
နိုကီရာ ၊ ဆိုနီအဲရစ်ဆင် ၊ ပင်နာဆိုးနစ်တို့နဲ့
ဝါးကူထိုးလိမ့်မယ် စိတ်ချ။
ဒီကောင်တွေမှာ ဘုရားရှိချင်ရှိမယ်
တရားတော့ ရှိမှာမဟုတ်ဖူး ၊
ဒီကောင်တွေမှာ ကားရှိရင်ရှိမယ်
မေတ္တာထားဖို့ တွေးခေါ်တတ်မယ်မထင်ဖူး ၊
ဒီကောင်တွေဟာ နွားတွေ။
ဟုတ်တယ် နွားတွေကွဲ့
မင်းသိချင်မှ သိမယ်။
ဟိုစာမျက်နှာမှာ၊ ဒီစာမျက်နှာမှာ
(ဟေ့ ... ဟေး.... ဟောဒီမှာ မြန်မာဟေ့ ...)
အဲဒီလို မစားရ ဝခမန်း ကြွေးကြော်
လျှပ်ပေါ်လော်လီခဲ့တဲ့ သူတို့စာရိတ္ထတွေကို ထုတ်ကြွားကြတယ်။
Sorry ပဲ ညီမလေး ...
ကိုယ်လည်း ရင်နာရပါတယ်
မင်းတို့ဘဝလေးတွေအတွက်ရော
သူများဆီမှာ ကျွန်ခံ
ကိုယ့်အိမ်တောင် ကိုယ်မပြန်နိုင်သေးတဲ့ ကိုယ့်ဘဝအတွက်ရောပေါ့။
အရင်အချိန်တွေတုန်းက ကိုယ်တို့ပြောခဲ့တယ် (တစ်ဖက်နိုင်ငံတွေကိုပေါ့)
( ... ) နိုင်ငံ ဆိုပြီးတော့လေ ...။
ခုများ ကြည့်စမ်း ... မင်းတို့လေးတွေလေ ...
မဲဆောက်မှာ ၊ မယ်ဆိုင်မှာ ၊ ဘီကေကေမှာ ၊ ကြယ်ဂေါင်ရွှေလီမှာ
သတင်းတွေမှာ ဖတ်ရ၊ သတင်းတွေမှာ ကြားရတော့
အပိုမပြောဘူး ညီမလေးတို့
ကိုယ် မျက်ရည်ဝဲတယ်။
ကိုယ့်ပြည်ကိုယ့်ရွာက ကိုကိုတွေကတောင်
မင်းတို့ကို ဘိုင်စကုပ်ထဲ ထည့်သေးတာပဲ ...အင်း ... .
ဖဦးထုပ်တွေ ၊ နငယ်တွေ ၊ ဘကုန်းတွေ
ကိုယ့်ကို ဝိုင်းပြောကြ
အချင်းချင်း လက်တို့ကြ
ဟေ့ ... အဲဒါ ဘီရုမာ ဟေ့ ...။ ဘီရုမာ ချယ်နယ်ဟေ့ ...။
တောက်! ဘယ်လောက် အသည်းနာဖို့ကောင်းလဲ
မိုးကျရွှေကိုယ် ၊ တိုလီမိုလီ ၊ အချစ်ဇာတ်လမ်း ၊ ပေါသွပ် ၊
ဒီကောင်တွေကို ဘယ်သူတွေက လင်ခ့်ပေးလိုက်တာလဲ
မင်းတို့အထင်ကြီးတဲ့ ရွှေကိုကိုတွေပေါ့။
(ဟေ့ ... ဘီရုမာ ဘယ်ဈေးလဲ) အဲဒီလိုများ အမေးခံရရင်လေ
အသားတဆတ်ဆတ်တုန် ဒေါသပုန်ထရတယ်
လူသတ်ချင်လာတယ်။
မင်း အထင်ကြီးတဲ့ ကိုကိုတွေလည်း
ဗမာကားဟေ့ ... ဆိုတာနဲ့
လျှာတစ်သပ်သပ် ၊ ပါးစပ်တစ်ပြင်ပြင်
သွားရည် ငေါက်တောက်ကျ
ဘာကိုမှ မလုပ်ချင် မကိုင်ချင်
ဖန်သားပြင်ရှေ့ အခန့်သားထိုင်
ဇာတိပုညဂုဏ်မာနဟေ့ ... ဆိုပြီး
ဝံသာနုရက္ခိတတရား လက်ကိုင်ထားချင်ကြတယ်။
မင်းတို့လေးတွေကို
နှုတ်ခမ်းတစ်လန် ပန်းတစ်လန် လက်ညှိုးငေါက်ငေါက်ထိုး
အပြစ်ပြောတဲ့ မောင်မောင်တွေ
သူတို့ကရော ဘယ်လောက်များ သန့်စင်ကြလို့တုန်း
ဟေ့ ဒီမှာ ... ကိုယ်ပြောမယ် ညီမလေး
ဈေးကွက်ဝယ်လိုအားကြောင့် ရောင်းကုန်ဆိုတာ ရှိနေတာ
သူတို့တွေ တောင်းဆိုနေတာ
သူတို့တွေ လောကအလှကို ဖျက်ဆီးနေတာ
မင်းတစ်ယောက်ထဲကြောင့်တော့ မဟုတ်ဘူး
မင်းကို အင်တာနက်ပေါ်ပို့လိမ့်မယ်
သူတို့မို့ အရှက်မရှိ (ဘယ်ရှိပါ့မလဲ)
သူတို့မျက်နှာလေးများကျတော့ ပေါ်မှာကြောက်တတ်လိုက်တာ
ဟိုတယ်တွေမှာ ကလပ်တွေမှာ နောက်ဆုံး ဖိုရမ်စာမျက်နှာတွေပေါ်မှာ
ခပ်ကြွားကြွား ပြောကြလိမ့်မယ်။
Sorry ပဲ ညီမလေးရေ ...
မင်းရဲ့ လက်ကလေးတွေကို ပုခက်မလွှဲခင်
မာဆတ်က ကိုယ်ရွှေကိုယ်မျိုးတွေကို ပျော်တော်ဆက်ချေဦး
သတိတော့ထားကွဲ့
ဒီခေတ်က နည်းပညာခေတ်ကြီး
ကင်မရာတွေ အနီးအဝေး
ဈေးကြီးပေး ဝယ်ကိုင်လို့ရပြီ။
Sorry ပဲ ညီမလေးရေ ...
ရွှေအိုရောင်ညနေခင်းတွေမှာ မင်းဘဝကို ရောင်းဈေးတင်ပေါ့
မင်းကြောက်တဲ့ မနက်ဖြန်အတွက်
ဟိုတယ်တစ်ခုခုမှာ ကျွဲရိုင်းအချိုရည်
တစ်ခါသုံးဆပ်ပြာ ၊ ငွေခြည်ရောင် ရေခဲသေတ္တာ
ညလယ်စာ မှာစားရင်း ဖြတ်ကျော်ဦးပေါ့။
အထည်ချုပ်တွေ ပိတ်တာ ...
ကုန်ဈေးနှုန်းကြီးတာ ...
ငွေနှစ်သောင်းအတွက် တိုက်ပွဲဝင်တာ ...
အရပ်ထဲမယ် ကိုယ်လေး ခေါင်းလေးတောင် လွတ်လွတ်ကျွတ်ကျွတ် မလှုပ်ဝံ့တာ
အားလုံးဟာ စက်ဝိုင်းတခုပါပဲကွယ်
မင်းအပြစ်တွေချည်းပဲ မဟုတ်ပါဘူး ညီမလေးရယ်။
မင်းတို့လည်း မင်းတို့ နိုင်တဲ့ဝန် ထမ်းနေရတာ
အချိန်တန်ရင်တော့ သိုးမည်းအုပ်ကြီးထဲက ပြန်ထွက်ခဲ့ပါ ညီမလေးတို့ရယ်။
မင်းတို့ ကိုယ်စီ ဒုလ္လဘတစ်ခုစီရှိတယ်
မင်းတို့ဟာ ငှက်ကလေးတွေပေမယ့် မင်းတို့မှာ ဝမ်းရေးရှိတယ်
မင်းတို့မှာ အနာဂတ်ကိုယ်စီရှိတယ်
မင်းတို့မှာ ဘဝသစ်တွေ ရှိနေမယ်
နောက်ပြီးတော့ မင်းတို့ဟာ ...
မင်းတို့ဟာ မြန်မာမလေးတွေဖြစ်တယ်။
Sorry ပါ ညီမလေးရယ် ...
ကိုယ်ဘာမှ မတတ်နိုင်ဘူး
မင်းတို့ခရီးမှာ ထီးမိုးမပေးနိုင်ဘူး
လှော်တက်တစ်ချောင်းနဲ့ ဝင်မကူပေးနိုင်ဘူး
ကိုယ်တတ်နိုင်တာ တခုပဲ
တခုထဲပါပဲ ညီမလေးတို့ရယ် ...။
မင်းတို့လေးတွေ မော်တော်ကားလေးပေါ်ပါသွားတဲ့အခိုက်
ကိုယ့်မျက်နှာ မင်းတို့မမြင်အောင် ငုံ့
ကိုယ့်နှုတ်ခမ်းကို နာနာဖိကိုက်
ဘယ်သူမှ မကြားအောင် ဆုတောင်းပေးခဲ့ဖူးပါတယ်။
Sorry ပါ ညီမလေးတို့ရေ ...
# # # # # #  # # # # # # # # # #  #
ဒီ စာသားကိုကြိုက်မိခဲ့ တာ..... ပြည့်တန်ဆာမ (ရိုင်းသွားရင် ခွင့်လွှတ်ပါ)
ဒီစာပိုဒ်ကို ရေးထားတဲ့ စာရေးဆရာကတော့ ဘ၀အခြေအနေကြောင့်  ပြည့်တန်ဆာဖြစ်နေတဲ့  မိန်းကလေး တစ်ယောက်ရဲ့ ဘ၀ ကို စာနာပြီး ရေးထားတာပါ။ ဖတ်လိုက်ရရ ခြင်း စာရေးဆရာရဲ့ စိတ်ဓာတ်ကို လေးစားမိသွားတယ်...။စာသားတွေလဲ ကြိုက်တယ်..။
စာထဲမှာပါတဲ့ အတိုင်းပါပဲ....ဒီလို ဒီလို မိန်းကလေး ..ဆိုပေမဲ့  အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ခန္ဓာရင်းမှ ထမင်းစားရတဲ့  ဘ၀တွေအတွက်တော့ ...ကိုယ်တကယ်ရင်နာတယ်။တခြားလူတွေလဲ စာနာနိုင်ကြပါစေ။
ဝန်ခံချက်
Sunday, May 13, 2012
ရေချိန်ကိုက်တဲ့ ည...
                                                          "ရေချိန်ကိုက်တဲ့ ည..."
                                                    ရေချိန်လွန်ကျူး၊ခေါင်းထဲမှုးတယ်..
                                                    ဒယိုင်းဒယိုင် မထိန်းနိုင်လို့ ၊
                                                    ခွေယိုင်လမ်းလျှောက်...။
                                                    တစ်ယောက်တည်းလဲ
                                                    ကားပဲစီးမယ်။
                                                     မီးလဲ့ လဲ့ မြင်သုံးဘီးထင်ပြီး
                                                     ငါလျင်လက်ပြ ၊
                                                     မရပ်ကြဘူး။
                                                     ဒေါသခံပြင်း၊ နောက်တစ်စင်းတော့ 
                                                     ပုလင်းနဲ့ ထု ၊၀ု..ကနဲ ရပ်။
                                                     လက်ထိပ်ခပ်မှ၊ထပ်ချပ်သတိ
                                                     ငါကြည့်မိတယ် ။
                                                      ဟီး...ဟီး... ရဲကား...သူငယ်ချင်း။
                                                  ဒွေးချင်း                                       အလကာင်္ပေါက်ကရ
Tuesday, May 8, 2012
family photo
2011,April 14  မှတ်မှတ်ရရပေါ့ ....ကိုကျော် ပဉ္ဇင်းတက်တဲ့ နှစ်ပေါ့...။(သူကောင်းသူကောင်းရုပ်ဆိုလို့ 
ဒီပုံလေးပဲရှိတာ) ။အမေကတော့ ပြောသေးတယ်....သားပဉ္ဖင်းခံချင်တယ် ဆိုလို့ ဝမ်းသာတယ်တဲ့ ...။အဲ့တုန်းက Phyo Group တစ်ခုလုံး သင်္ကန်းစည်းတဲ့ နှစ်ပေါ့..။
နွားနို့ ၏ အသုံးဝင်ပုံများ
                            "  နွားနို့ "
  1. ဟင်းချက်ရာတွင် အကြော်အလှော်များ အရသာငန်နေပါက နွားနို့ အနည်းငယ်ဆမ်းပေးပါ ..ဟင်းအရသာ ပေါ့သွားပါလိမ့်မယ်။
  2. ငါးမကြော်မီ နွားနို့ ထဲ အချိန်အနည်းငယ်စိမ်ပြီး ကြော်လျှင် ငါးဟင်းမှာ မညှီတော့ ပဲ အရသာမှာ ပိုကောင်းလာပါလိမ့်မယ်။
  3. နွားနို့ ဖြင့် မျက်နှာသစ်လျှင် လက်ပေါ်သို့ လိမ်းကျံလျှင် မျက်နှာနှင့်လက် အရေပြားနှုးညံ့ လာပါလိမ့်မယ်။
  4. အ၀တ်အစားပေါ်မှင်စွန်းထင်သည့်အခါ ရေသန့် သန့် ဖြင့်အရင်ဆေးပြီးမှ နွားနို့ ဖြင့်နောက်ထပ်ထက်ဆေးပေးပါ.....ပြိးလျှင်ချေးချွတ်ဆေးရည်ဖြင့်ဆေးလျှော်ပါ။လုံးဝပျောက်ကင်းသွားပါလိမ့်မယ်။
  5.  
  6. ရေထဲကို နွားနို့ အနည်းငယ်ရောပြီး ပန်းမန်များကို ရေလောင်းပေးပါက ပန်းပင်များကို ပိုပြီးရှင်သန်စေပါတယ်။
  7. နွားနို့ အကြွင်းအကျန်ဖြင့်သားရေဖိနပ်(သို့ )အခြားသရေပစ္စည်းများကိုအ၀တ်စဖြင့်ပွတ်တိုက်ပေးပါက သားရေမျက်နှာပြင်ကို မအက်ကွဲအောင် တားဆီးနိုင်သည့်အပြင် နှုးညံ့ညက်ညောစေပါတယ်။
  8. အ၀တ်စဖြင့် နွားနို့ စွတ်ပြီးပရိဘောဂများကိုပွတ်တိုက်ပေးပါကအညစ်အကြေးများကျွတ်ပြီး ပြောင်လက်လာစေပါသည်။
  9. ကြက်သွန်ဖြူ ကိုက်စားပြီးနွားနို့ တစ်ခွက်သောက်ပေးလျှင် အနံနံ့ ခြင်းကို ပျောက်ကင်းစေပါတယ်။