မိုးရိပ်မှရောက်လာသောမိတ်ဆွေများကိုနွေးထွေးစွာကြိုဆိုပါတယ်နော်...စိတ်၏ချမ်းသားခြင်း...ကိုယ်၏ကျမ်းမာခြင်းများနှင့်ပြည့်စုံကြပါစေရှင်
Showing posts with label ကြိုက်မိသောကဗျာ. Show all posts
Showing posts with label ကြိုက်မိသောကဗျာ. Show all posts

Tuesday, April 17, 2012

ချစ်ဟန်ဆောင်သောလတစ်စင်း

အခုမှပဲ.....ရနံရတော့တယ်

ဒါပေမယ့်….ငါ့ဆီလာတာမဟုတ်ဘူး ။

အဲ့ ဒီ့တောအုပ်မှာ..ငါ့ယုံကြည်မှု့ က

အမောက်တစ်ထောင်ထောင်နဲ့မော့နေလိုက်တာ

ရိုးသားခြင်းကိုခ၀ါချပြီးနင်းချေသွားတာတောင်မှ

နင်ကျေနပ်လားပြန်မေးနေတဲ့ လတစ်စင်းကပြုံးလို့ ...

ဘာဖြစ်လဲ.......................

ကျားတစ်ကောင်လိုမာန်သွင်းခဲ့ပေမဲ့ 

မာယာညှို့ ခန်းရဲ့အတွင်းမှာအဆိပ်မိခဲ့ 

နင်မမှားခဲ့ ပေမဲ့ ..ငါတုန်းခဲ့ တာပါ


ငါငိုနေတယ်..နင်မမြင်ပါစေနဲ့တော့

နင်ပျော်နေတယ်..မြင်နေရလို့ငါပျော်နေဖို့ ရန်

ငါ့စကားများအား အသက်သွင်း

ကြင်နာသောအားဖြင့်

ငါ့ကဗျာလေးအား ကာရန်အပ်နှင်းပေးခဲ့မိတယ်

ချစ်သူ၏ အဝေးမှာပင်

(ချစ်ခြင်းအားဖြင့်)

ငါ့မနက်ခင်းများ…လှပစေတော့မည်။

နေလင်းဖြိုး

18.1.2012အမှတ်တရကဗျာ...............

အချိန်

ဘ၀အတွက်တဲ့လားထရံအကာထက်
ကြမ်းပြင်အပေါ်မှာအသက်ရှူသံတွေက
မှောင်လိုက်လင်းလိုက်ပြင်းထန်လွန်းပါတယ်..။။
gas..ကုန်ရင်ပြန်ဖြည့်လို့ ရတရ်
ရက်ကုန်ရင်ပြည့်ဖြည့်လို့ မရဘူး
ဖိတ်စာကျရင်ပြန်ကောက်လို့ ရပါတရ်
သိက္ခာကျရင်ပြန်ကောက်လို့ မရဘူး
လိုအပ်တိုင်းငွေပေးလို့ ရတာရှိပေမဲ့ 
လိုချင်တိုင်းငွေပေးလို့ မရတာလည်းရှိတရ်
ဒါပေမဲ့ ငါဟာ..ပညာရှိမဟုတ်သေးပေမဲ့ 
ဒီကနေ့ ရဲ့မျက်ဝန်းတွေတိုင်းအတွက်
အသက်ရှူသံတွေအားလုံး၇ည်ရွယ်ပြီး
မနက်ဖြန်တွေလှပစေရန်အတွက်တော့
ဒီကဗျာလေးကိုပျိုးထောင်ခဲ့ပါတယ်..။။
အမေ့သားနေလင်းဖြိုး