မိုးရိပ်မှရောက်လာသောမိတ်ဆွေများကိုနွေးထွေးစွာကြိုဆိုပါတယ်နော်...စိတ်၏ချမ်းသားခြင်း...ကိုယ်၏ကျမ်းမာခြင်းများနှင့်ပြည့်စုံကြပါစေရှင်
Showing posts with label မိုးရိပ့်ဒိုင်ယာရီ.... Show all posts
Showing posts with label မိုးရိပ့်ဒိုင်ယာရီ.... Show all posts
Tuesday, April 17, 2012
2012,April 17
2012,April 17
             နေ့ နဲ့ ညနဲ့ မှားနေပြီထင်တယ်..နေ့ ဘက်ဆို ခေါင်းတွေကိုက်ပြီး အိပ်ပဲအိပ်ချင်နေတယ်။
 ညဘက်ကျတော့  တော်တော်နဲ့ အိပ်လို့ မရပြန်ဘူး..။စိတ်ပေါက်ပေါက်နဲ့ စာထိုင်ရေးတာ...မိုးလင်းပေါက်
ပဲ။
             ခုမှ ပို့ စ်တွေ သိမ်းကျုံးတင်ဖြစ်နေတယ်..ကွန်ကလဲကောင်းတာကိုး။အားလည်းအားနေတော့ ..။
ခုဆို chat box လေးလဲ ရှိနေပြီ။
             နှစ်ဆန်းတစ်ရက်နေ့ သာဆိုတယ် ငါဘာကုသိလ်မှလည်းမလုပ်လိုက်ရပါလားနော်။
Monday, April 16, 2012
တို့ ကတော့ ကဲနေပြီ...။
15.4.2012
ခေါင်းခန်းထဲမှာပဲ ငြိမ်ငြိမ်လေးပေါ့...။ မြို့ တော်ခန်းမရှေ့ လဲရောက်ကော...ဟီး မိုးရိပ်ကို တို့ နေနိုင်တော့ ဘူး...။ကားနောက်ခန်းရောက်သွားပါရောလား....  ကဲချက်က တော့ ..ကိုကျော်ကတောင်ပြောသေး..လိုက်ကြည့်ယုံလေးပဲမို့ လို့ တဲ့ ...ကဲဖို့ များလိုက်တယ်ဆို...ကြိုးနဲ့  တုပ်ထားတောင်....နိုင်မှာ မဟုတ်ဘူးတဲ့ ...။ ဟီး ...သူများက တစ်နှစ်မှာ တစ်ခါထဲပျော်ရတာမို့ လို့ ပါလို့ ချို..။
              ပျော်ပါတယ်....။ဒါတောင် အစ်ကို ပါနေလို့ မလွတ်လွတ်လပ်လပ် မကဲလိုက်ရ၀ူး..။
                                                      တွားတော့မယ်..တာ့တာ..။
                                                            Phyo Group
                                    အစ်ကိုတော်တွေလေ....မြင်ပြီးကြွေမှာဆိုးလို့   ဒီလိုလေးပဲပြမယ်..။
                                             ကန်တော်ကြီးမှာ နားတယ်။
           ကန်ဘေးနားက ငုဝါပန်းတွေ လှလို့ ....။ပိတောက်မရှိတော့ ..ငုဝါပဲ အမှတ်တရ         သိမ်းထားလိုက်တော့မယ်..။
                                                             ပျော်တယ်..။
Wednesday, April 11, 2012
သင်္ကြန် plan
12.4.2012
                      အော်..ရောက်လာပြန်ပြီပေါ့..သင်္ကြန်...။ ဒိနှစ်သင်္ကြန် မန္တလေးမှာ
အမုန်းဂွမ်းမယ်လို့ ဆုံးဖြတ်ထားပြီးမှ....မန္တလေးနဲ့ မဆုံနိုင်တဲ့ ရေစက်အကြောင်းတွေ ကြောင့် ရန်ကုန်မှာပဲ
ဖြေသိမ့်ရတော့မှာပေါ့...။
                       မားသားက ဘုရားဖူးထွက်သွားပြီ...ဒယ်ဒီဖားသားကလည်း အမျိုးတွေအိမ်
သွားလည်မှာတဲ့ ...ကောင်းပါ့...အိမ်မှာ အစ်ကိုတော်နဲ့ နှစ်ကောင်ထဲ  ....ဆိုတော့ ကဲချင်တိုင်းကဲလို့ ရပြီ...။
အိမ်ရှေ့ မဏ္ဍပ်ထိုးထားတယ်တဲ့ .. ဘော်ဘော်တွေက တပ်လွှင့်ထားတယ်...။
                      ဆံပင်စတိုင်လ်လဲပြောင်းထားသေးတယ်။လုံးဝဂွမ်းမဲ့ ငါ့အစီအစဉ်မှာလိုနေတာ...အဟတ်ဟတ်...။
ခုမှ ရည်းစားအလိုရှိသည်..ဆိုပြီးဆိုင်းဘုတ် ချိတ်လို့ လည်းမရ..။ရည်းစား အဌားလိုက်သည် ဆိုလည်း 
မသင့်တော် ..။တော်ပါပြီ..အခန်းအောင်းပြီး....စာထိုင်ရေး အေးရော..။ဒါမှမဟုတ်လည်း 
ဘုန်းကြီးကျောင်းသွား ဥပုတ်စောင့် .....။ဂလိုဆိုပြန်တော့လည်း...အပင်ပန်းခံထားတာတွေ နှမျောစရာ...။
 တော်ပါပြီ လောလောဆယ်တော့ ..အိပ်တာပဲကောင်းပါတယ်ကွာ...မနေ့ ဖြန်
အိမ်ပြန်ဖို့ အထုပ်အပိုးတွေ ပြင်ရအုံးမှာပဲ..။ခုတော့ အိပ်တော့မယ်..။ဗိုက်ဆာလာသလိုပဲ..ဟုတ်ပါ့ ထမင်းမှ  
မစားရသေးတာ ..သိဝူးကွာ...အိပ်ယာနိုးမှ စားတော့မယ်..အိပ်ပြီ အိပ်ပြီ
ဟဲ....icon လေးကြိုက်လို့ copy လိုက်ပြီ mr.boon ကြီးရေ...။ခွင့်ပြုတော့...။
Tuesday, April 10, 2012
10.4.2012
                    မနေ့      (  9.4.2012)      က ကျောင်းသွားအပ်တယ်....ကျောင်းအပ်ရင်း အိမ်ဝင်ဖြစ်တယ်....အဖေက မိုးရိပ် ကို ဖက်ပြီးငိုတယ်..။အိမ်ပြန်မလာလို့ တဲ့ ..။ရင်ထဲမကောင်းဘူး ..။
ငါမှ အိမ်မှာ လူများရင်မနေတတ်တာ..။
                   ကျောင်းအပ်ပြီး ပြီဆိုတော့ ...ရင်ဘတ်ထဲက အလုံးတစ်လုံးတော့ ကျသွားပြီ...။Assignment တင်ဖို့ လှုပ်ရှားရအုံးမယ်...။ဟူး ...ရင်မောလိုက်တာနော်.... ဒီေ န့ နဲ့ ဆို ကောင်းကောင်းမအိပ်ရတာ 4 ရက်ရှိပြီ
ပေါ့...။4 ရက်ပေါင်းတာတောင် ကိုယ့်အိပ်ချိန် 8နာရီပြည့်မယ်မထင်ဘူး...။ကျောင်းအပ်ဖို့ ...ပျော်ပွဲရွှင်ပွဲတုန်းက ပုံတွေကူးဖို့ ....သင်္ကြန်အတွက် Plan ဆွဲဖို့ ...နဲ့  ရွာတွေလည်နေတာ 4ရက်တွင်း 4ပေါင်လောက်တောင်ကျသွားပါရောလား..။ကောင်းတာပဲ ဒါလဲ..။ဟိဟိ။
                     Assignment ရေးရမယ်အုံးမယ်ကွာ...။ပို့ စ်အသစ်တွေလဲ တင်နိုင်ဖို့ အချိန်ပေးရအုံးမယ.်...။လူတစ်ယောက်ထဲနဲ့ လုပ်ချင်ရာတွေများနေပြီ....။တော်ပြီ အိပ်တာပဲကောင်းပါတယ်..။
Thursday, March 15, 2012
16.3.2012(FRI)
                    ကိုယ်ဒီနေ့ အရမ်းပျော်တယ်....ဘ၀မှာ အပျော်ဆုံးထဲက တစ်ရက်ပါ......ပျော်လွန်းလို့ မျက်ရည်တောင်ကျတာ....ကိုယ့်ဘ၀မှာ ဒီတစ်ခါဟာ ပထမဆုံး...။
                   ကိုယ်စာမေးပွဲအောင်တယ်..... 
  တခြားလူတစ်ယောက်အတွက်..စာမေးပွဲအောင်တာ စာမဖွဲ့ လောက်ပေမဲ့ ..ကိုယ်အတွက်တော့ ဘ၀တစ်ဆစ်ချိုးဟာ..ဒီစာမေးပွဲအောင်မှ စတယ်လို့ ထင်တယ်..။ဆယ်တန်းအောင်တုန်းကလည်း ဒီလောက် မပျော်မိပါဘူး..။
စာမကျက်ပဲအောင်ချင်ခဲ့ တာ...နည်းနည်းတော့ လွန်ရာကျမယ်ထင်တယ်နော်..။
                     ငါစာမေးပွဲအောင်တယ်လို့ .....စိတ်ထဲတွေးမိတိုင်းမျက်၇ည်ဝဲတတ်လာတယ်..။ဒီပို့ စ်ကို တင်နေတာတောင် ကိုယ်မျက်ရည်ကျနေတာ..။ပျော်လွန်းလို့  ပါ။
                     မိုးရိပ်ကို ဘ၀မှာ လူအထင်ကြီးအောင် ပြစရာ..ဘာမှမရှိဘူး...။ဒါပေမယ့် ...ဒီစာမေးပွဲလေး အောင်လိုက်ချိန်မှာပေါ့..ဘယ်သူမှ မချီးကျူးရင်တောင် ကိုယ့်ဘာသာကိုယ် ဂုဏ်ယူတယ်..။
 အလုပ်တစ်ဖက်နဲ့ ကျောင်းတက်ဖို့ ဆိုတာ ...ထင်ထားသလောက်မလွယ်ခဲ့ပါဘူး...။ဒီကျောင်းလေး တစ်နှစ်တက်ဖို့ .....ကိုယ်တော်တော် ကြိုးစားခဲ့ရတာ..။ဆယ်တန်းတုန်းကလို့ ..မိဘအထောက်အပံ့ မပါပဲ ..ကိုယ့်စရိတ်နဲ့ ကိုယ်....ကျောင်းပြီးအောင် တက်ဖို့ ရည်မှန်းထားခဲ့တာ..။ အလုပ်လုပ်တဲ့ တစ်နှစ်လုံးမှာ ....မိုးရိပ်ကို ..အဖတ်တင်တာ..ဒီ စာမေးပွဲလေးအောင်တာပဲရှိတယ်..။
                         ဒီတစ်နှစ်အောင်သွားပြီးဆိုတော့ လည်း..နောင်နှစ်တွေအတွက် လာဦးမယ်..။ခု စာမေးပွဲအောင်ပြီဆိုတော့ ..နောက်နှစ်အတွက်..ကျူရှင်ခ....သင်တန်းကလည်းတက်ချင်သေးတယ်..။
 ကျောင်းအပ်ဖို့ ......ဟူး...။
                       စာမေးပွဲအောင်တာသိသိရချင်း.....လူတစ်ယောက်ကို အရမ်းပြောပြချင်တာ....။
ကိုယ်ပြောပြချင်တဲ့ လူက ...
ကိုယ်စာမေးပွဲအောင်၇ဲ့ လားလို.မေးဖို့ မေ့နေပေမယ့် ..သေချာတယ်...အမေကတော့ ...စာမေးပွဲအောင်စာရင်း
ကို လူတွေလွတ်ပြီး..ကြည့်ခိုင်းနေလောက်ပြီ.....။ကိုယ်မမြင်ရပေမဲ့ ..သိနေပါတယ်...။အပြောသင့်ဆုံး လူကိုပဲ ကိုယ်ပြောမယ်...
                         " ချစ်မေ..... အမေ့ သမီးဂျစ်တူး..စာမေးပွဲအောင်တယ်...."
.
Wednesday, March 7, 2012
ဒိုင်ယာရီထဲက ..ရက်စွဲအချို့ 
   စာမေးပွဲအောင်စာရင်းထွက်ဖို့  ကိုယ်တော်တော်ရင်ခုန်နေပါတယ်..။တကယ်ပါ..စာမကျက်ပဲအောင်ချင်တာ 
ဒီတစ်ခါ ပထမဆုံးပါ..။ဆယ်တန်းအောင်စာရင်းစထွက်တုန်းကတောင် ဒီလောက်ရင်မခုန်ဘူး....။ကိုယ် ခု စာ
မေးပွဲအောင်ချင်တယ်။စာမေးပွဲအောင်စာရင်းအတွက် ကိုယ်တော်တော်....ရင်ခုန်နေပါတယ်။
Saturday, February 25, 2012
ပထမဆုံးနေ့ 
25.2.2012(sat)
        ဒီနေ့က ပထမဆုံး...ဘလော့ဂ် စရေးဖြစ်တဲ့ နေ့ ပေါ့နော်..။
ကိုယ့်ဘာသာကိုယ့်အ၇ည်အချင်းနဲ့ဆိုရင်တော့ ..သေချာတယ်။
ဒီတစ်သက်တော့..ဘလော့ဂ် ရေးနိုင်ဖို့ တော်တော်ကြိုးစားရမှာပဲ..။
ဆရာကိုကြီး ..တစ်ယောက်ရဲ့ ကျေးဇူးနဲ့ ..မိုးရိပ် ဒီနေ့  ဘလော့ဂ်ဆိုတာ...စ ရေးဖြစ်ခဲ့တယ်..။
မိုးရိပ်...ဒီေ န့ blogger တစ်ယောက်ဖြစ်သွားပြီပေါ့နော်..။