မိုးရိပ်မှရောက်လာသောမိတ်ဆွေများကိုနွေးထွေးစွာကြိုဆိုပါတယ်နော်...စိတ်၏ချမ်းသားခြင်း...ကိုယ်၏ကျမ်းမာခြင်းများနှင့်ပြည့်စုံကြပါစေရှင်

Wednesday, April 11, 2012

သင်္ကြန် plan

12.4.2012


                      အော်..ရောက်လာပြန်ပြီပေါ့..သင်္ကြန်...။ ဒိနှစ်သင်္ကြန် မန္တလေးမှာ

အမုန်းဂွမ်းမယ်လို့ ဆုံးဖြတ်ထားပြီးမှ....မန္တလေးနဲ့ မဆုံနိုင်တဲ့ ရေစက်အကြောင်းတွေ ကြောင့် ရန်ကုန်မှာပဲ

ဖြေသိမ့်ရတော့မှာပေါ့...။
                 
                       မားသားက ဘုရားဖူးထွက်သွားပြီ...ဒယ်ဒီဖားသားကလည်း အမျိုးတွေအိမ်

သွားလည်မှာတဲ့ ...ကောင်းပါ့...အိမ်မှာ အစ်ကိုတော်နဲ့ နှစ်ကောင်ထဲ  ....ဆိုတော့ ကဲချင်တိုင်းကဲလို့ ရပြီ...။

အိမ်ရှေ့ မဏ္ဍပ်ထိုးထားတယ်တဲ့ .. ဘော်ဘော်တွေက တပ်လွှင့်ထားတယ်...။
                 
                      ဆံပင်စတိုင်လ်လဲပြောင်းထားသေးတယ်။လုံးဝဂွမ်းမဲ့ ငါ့အစီအစဉ်မှာလိုနေတာ...အဟတ်ဟတ်...။

ခုမှ ရည်းစားအလိုရှိသည်..ဆိုပြီးဆိုင်းဘုတ် ချိတ်လို့ လည်းမရ..။ရည်းစား အဌားလိုက်သည် ဆိုလည်း 

မသင့်တော် ..။တော်ပါပြီ..အခန်းအောင်းပြီး....စာထိုင်ရေး အေးရော..။ဒါမှမဟုတ်လည်း 

ဘုန်းကြီးကျောင်းသွား ဥပုတ်စောင့် .....။ဂလိုဆိုပြန်တော့လည်း...အပင်ပန်းခံထားတာတွေ နှမျောစရာ...။

 တော်ပါပြီ လောလောဆယ်တော့ ..အိပ်တာပဲကောင်းပါတယ်ကွာ...မနေ့ ဖြန်

အိမ်ပြန်ဖို့ အထုပ်အပိုးတွေ ပြင်ရအုံးမှာပဲ..။ခုတော့ အိပ်တော့မယ်..။ဗိုက်ဆာလာသလိုပဲ..ဟုတ်ပါ့ ထမင်းမှ  

မစားရသေးတာ ..သိဝူးကွာ...အိပ်ယာနိုးမှ စားတော့မယ်..အိပ်ပြီ အိပ်ပြီ


ဟဲ....icon လေးကြိုက်လို့ copy လိုက်ပြီ mr.boon ကြီးရေ...။ခွင့်ပြုတော့...။

6 comments:

  1. ညီမရဲ့ သင်္ကြန် plan လေးကို လေ့လာသွားပါတယ်... လင့် ပါယူသွားတယ် ညီမ... ဘလော့ကို လာလည်တဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်...

    ReplyDelete
  2. ညီမရေလာလည်ရင်စာတွေဖတ်ခဲ့တယ် နှစ်သစ်မှာပျော်ရွှင်နိုင်ပါစေ..

    ReplyDelete
  3. plan လေးကို လေ့လာသွားပါတယ်...Cbox မတွေ့လို့ ဒီနေ့အကျတ်နေ့ ရေလာလောင်းတယ် {_}ာ {_}ာ {_}ာ {_}ာ{_}ာ 5ခွက် အပြည့် ပျော်ရွှင်ပါစေ..

    ReplyDelete
  4. အစီစဉ်မရှိသေးရင်..လာကွယ်..လိုက်ခဲ့ပါ..တောရရိပ်သာ :)

    ReplyDelete
  5. ဟွန့် အွန်း..လိုက်ဝူး...တမီးချန်...များက ခုမှ ငယ်ငယ်ရေး ချိတေးတာ..။

    ReplyDelete