" ၀န်ခံလိုက်ပေါ့...
ချစ်တယ်ဆိုလည်း.... "
ကောင်လေး......
ရေသည်မိန်းမလို.....
ငါ မီးစိမ်းမှ မင်း လီဗာနင်းမယ်ဆိုရင်...
**** မိုးရိပ်ကို ****
(7.4.2012)
ချစ်တယ်ဆိုလည်း.... "
ကောင်လေး......
မင်းရင်ဘတ်ထဲက ....
နှလုံးသားပုစ္ဆာအဖြေကို....
အသေအချာသိနေပြီပဲ.......
ငါ့ရှေ့ လာပြီး..အဖြေညှိဖို့ .....
မင်းဘာတွေ..သွေးပျက်နေလဲ?....။
ရေလာမြောင်းပေးလုပ်ဖို့ ...
ငါ့အမေက သင်မပေးလိုက်ဘူး...။
ဘာ..ညာ..စမာကလာနဲ့ ...
အမှုအယာအထာတွေလဲ.....
ငါ မတတ်မြောက်ဘူး..။
"နင့်ကိုငါချစ်တယ်"
စာရေးပြီးပြရအောင်လဲ ...ဒါ...
ကိုရီးယား တိုင်းပြည်မဟုတ်ဘူး.....။
အဖေ မြန်မာ...
အမေ မြန်မာ...
မြန်မာပြည်မှာ မွေးတယ်...
မြန်မာပြည်မှာ ကြီးတယ်.....
ငါဟာ..မြန်မာ မိန်းကလေးစစ်စစ်...
ကျိတ်ကြွေရလွန်းလို့ ....
ခန္ဓာကိုယ်တစ်ခုလုံး အရိုးပြိုင်းပြိုင်းထပါစေ....
နှလုံးသားဓာတ်စာအတွက်...
ငါ့သိက္ခာ ခြေသုတ်ဖတ်....
အဖြစ်မခံဘူး....။
ငါ မီးစိမ်းမှ မင်း လီဗာနင်းမယ်ဆိုရင်...
ခုတည်းက... back ဆုတ်ပြီး ....
လာလမ်းအတိုင်းပြန်လစ်တော့ ....။
အရှိကို အရှိတိုင်း ၀န်မခံရဲတဲ့ ...
မင်း လို ကောင်မျိုး ငါ အထင်မကြီးဘူး..။
**** မိုးရိပ်ကို ****
(7.4.2012)
No comments:
Post a Comment