အခုမှပဲ.....ရနံရတော့တယ်
ဒါပေမယ့်….ငါ့ဆီလာတာမဟုတ်ဘူး ။
အဲ့ ဒီ့တောအုပ်မှာ..ငါ့ယုံကြည်မှု့ က
အမောက်တစ်ထောင်ထောင်နဲ့မော့နေလိုက်တာ
ရိုးသားခြင်းကိုခ၀ါချပြီးနင်းချေသွားတာတောင်မှ
နင်ကျေနပ်လားပြန်မေးနေတဲ့ လတစ်စင်းကပြုံးလို့ ...
ဘာဖြစ်လဲ.......................
ကျားတစ်ကောင်လိုမာန်သွင်းခဲ့ပေမဲ့ 
မာယာညှို့ ခန်းရဲ့အတွင်းမှာအဆိပ်မိခဲ့ 
နင်မမှားခဲ့ ပေမဲ့ ..ငါတုန်းခဲ့ တာပါ
ငါငိုနေတယ်..နင်မမြင်ပါစေနဲ့တော့
နင်ပျော်နေတယ်..မြင်နေရလို့ငါပျော်နေဖို့ ရန်
ငါ့စကားများအား အသက်သွင်း
ကြင်နာသောအားဖြင့်
ငါ့ကဗျာလေးအား ကာရန်အပ်နှင်းပေးခဲ့မိတယ်
ချစ်သူ၏ အဝေးမှာပင်
(ချစ်ခြင်းအားဖြင့်)
ငါ့မနက်ခင်းများ…လှပစေတော့မည်။
နေလင်းဖြိုး
18.1.2012အမှတ်တရကဗျာ...............

No comments:
Post a Comment