" မင်းအတွက်ဆို... "
နွေပူပူသဲကန္တရထဲ
နွေပူပူသဲကန္တရထဲ
ခရီးကြမ်းလို့ မောပန်းတဲ့ အခါ၊
တမ်းတလိုက်ပေါ့.....
အိုအေစစ်တစ်ခွက်အဖြစ်
ငါ ရှိလို့ နေပါ့မယ်။
မိုးသည်းထဲ ခိုနားရာမဲ့ 
ဦးတည်ချက်ပျောက်နေရင် ၊
တမ်းတလိုက်ပေါ့....
ဇရပ်တစ်ဆောင်အဖြစ်
ငါ ရှိလို့ နေပါ့မယ်။
ဆောင်းတွင်းရဲ့ နှင်းဖွဲတွေကြား
အချမ်းဓာတ်နဲ့ အားပြိုင်တဲ့ အခါ
တမ်းတလိုက်ပေါ့....
ထင်းမီးဖိုလေးအဖြစ်
ငါ ရှိလို့ နေပါ့မယ်။
ခြောက်ကပ်တဲ့ လမိုက်ညမှာ
အိပ်မလို့ လူးလွန့် နေရင်
တမ်းတလိုက်ပေါ့....
တစ်ထောင့်တစ်ညပုံပြင်တွေနဲ့ 
မင်းရဲ့ အိပ်ယာဝင်ပုံပြင်ကို
ငါပြောပြလို့ သိပ်ပါ့မယ်။
မိုးရိပ်ကို
No comments:
Post a Comment