မိုးရိပ်မှရောက်လာသောမိတ်ဆွေများကိုနွေးထွေးစွာကြိုဆိုပါတယ်နော်...စိတ်၏ချမ်းသားခြင်း...ကိုယ်၏ကျမ်းမာခြင်းများနှင့်ပြည့်စုံကြပါစေရှင်
Tuesday, April 24, 2012
Internet ဗိုင်းရပ်စ် !
    စာစုရှည်ရေးတဲ့ အလေ့ အထတော့မ၇ှိခဲ့ဖူးပါဘူး.....။ခုမှစရေးကာစမို့ ကလေးတစ်ယောက်ရဲ့ အတွေး အမြင်တြွေုဖစ်တဲ့  အတွက်.အဆင်မပြေတာများ ရှိခဲ့ရင် ဖြည့်တွေး ပေးပါ။ လိုအပ်တာများရှိရင်လဲ
အကြံပေး လမ်းညွှန်နိုင်ပါတယ်။
           " Internetဗိုင်းရပ်စ် "
    Internet ဗိုင်းရပ်စ်...ဒီဗိုင်းရပ်စ်...
 မြန်မာနိုင်ငံကိုဘယ်ချိန်ထဲကပျံနှံ့ နေလဲဆိုတာတော့
 ကိုယ်အတိအကျမသိဘူး..။ဒီဗိုင်းရပ်စ်ကြောင့် မြန်မာနိုင်ငံက အင်တာနက်ဆိုင်တွေ အလုပ်ဖြစ်နေတာတော့ အသေအချာပဲ။
 ဒီပိုး ကူးစက်ခံရသူတစ်ယောက်ဟာ ဒီပိုးခန္ဓာကိုယ်ထဲ
 သောင်းကျန်းပြီဆို အင်တာနက်ဆိုင်သွားဖို့  ခြေလှမ်းတွေက ရိုက်ချိုးခံထားရမယ်ဆိုရင်တောင် ချိုင်းထောက်နဲ့ သွားဖို့  စိတ်အားထက်သန်မယ်နေဆိုတာ ကိုယ.်အသေအချာပြောရဲတယ်။
                            ဗိုင်းရပ်စ်...ပိုးပေါ့..။ပိုးတကာ့ ပိုးထဲမှာ ဒီပိုးက တော်တော်
 မျက်နှာပွင့်တယ်လို့ ဆိုရလောက်မယ်..။ဒီပိုးဟာ လူတစ်ယောက်ကို ကူးစက်တော့
မယ်ဆိုရင်ကူးစက်ခံရမယ့် လူဟာမတုန်လှုပ်တဲ့အပြင်လိုလိုလားလားကိုကူးစက်ခံဖို့ 
ဆန္ဒရှိတာ..။အရှင်းဆုံးပြောရရင်တော့ ...ဒီပိုးကူးစက်ခံဖို့ ကိုယ်ကိုယ်
တိုင်က တောင်းတနေတာ။ Internet ဗိုင်းရပ်စ်!  ဒီပိုး ကိုယ့်ခန္ဓာကိုယ်ထဲ
 စတင်ကူးစက်ခဲ့တာ..ဆယ်တန်းဒုတိယနှစ်။
                            Internet သိပ်ကို ရေပန်းစားတာပေါ့...နာမည်ကြီးပါတယ်
ကိုရီးယားမင်းသားရိန်းလောက်တော့ဒီကောင်ကသနားတယ် ကျောင်းသား
 ကျောင်းသူတော်တော်များများရဲ့ ပါးစပ်ဖျားမှာ ဒီကောင်က ရေပန်းစားတယ်။
 ဒါဆို ဒီကောင်က အဲ့လောက်တောင် ရုပ်ဖြောင်းလား? ဘော်ဒီ လှလား?
မသိဘူးလေ...။ရုပ်ဖြောင့်လား ကျောရိုးဖြောင်းလား အာ..တကယ်ကို မသိတာ..
အင်တာနက်ဆိုတာ .သူများတွေပြောလို့ သာ အင်တာနက်လို့ ကြားဖူးတာ..။
သေချာတာတော့  အင်တာနက်ဆိုတဲ့ ကောင်က
ရိန်း ထက်တော့ဆွဲဆောင်မှုရှိကို ရှိလိမ့်မယ်။ ကိုယ့်ဘေးနားက ကောင်မလေးတွေရဲ့
ပါးစပ်ဖျားမှာ အင်တာနက်အကြောင်းကြီးပဲလေ..internet ထဲက chatting ထဲမှာလေ
ဘယ်ကောင်လေးကဘယ်လို..ဘယ်လို...သာယာနေလိုက်တာ။အပြန်အလှန်စမြုံပြန်ကြတာ
 တွေ့ တိုင်း....။
                           Chatting ထဲမှာလေ...Chatting ထဲမှာလေ.....အဲ့ ဒီ့ Chatting ကြီးက ကိုယ့်နားထဲမှာ နားရည်ဝလာခဲ့တယ်။ ရက်အတော်ကြာလို့ နားယဉ်လာတော့ 
ကိုယ်မနေနိုင်လို့  သူတို့ ပြောတဲ့ internet ထဲက chatting ဆိုတာဘာလဲလို့ ?
                "  internet လေဟာ...galtk ထဲဝင်ပြီး chatတာ..တစ်ယောက်နဲ့ 
တစ်ယောက်စကားပြောတာပေါ့ဟာ.....chatting ထိုင်တယ်လို့ လဲခေါ်တယ်...
နေပါစာဂျပိုးရယ်..internet တောင်မသိတာ..လူရာမ၀င်ဘူး .ကျက်စမ်းပါ
 ကိုယ့်စာကိုယ်   "  
                ကိုယ်မှတ်မိနေပါသေးတယ်..။အဲ့ချိန်တုန်းထိတော့ ကိုယ်စာဂျပိုးတစ်ကောင်ပါ...။ပထမနှစ် ဆယ်တန်း(ဖရက်ရှာ) ကျလို့ မွေးသမိခင်က ကျိန်းထားတာလေ..ဒီနှစ်အောင်ဖို့ ကိုယ်အားခဲ
ထားတာပေါ့....။ရိုးရိုးအောင်ရုံတင်တောင်မဟုတ်သေးဘူးနော်....whith hight marks! ..... စာမေးပွဲဖြေဖို့ ကသုံးလပဲလိုတော့တာဆိုတော့ကိုယ် အပြင်းအထန်ကြိုးစားနေဆဲပေါ့....။
စိတ်ထဲကတော့ သိပ်အစာမကြေလှဘူး....နေစမ်းပါဦး ! internet ထဲက chatting
ဆိုတာ ဘာကောင်မို့ လို့ လဲ? အင်း... ဒီကောင်ဘာကောင်လဲ ဆိုတာ ကိုယ် အတိအကျမသိခင်ချိန်ထိတော့ ...ကိုယ်ဟာ အင်တာနက်ဆိုင်ထဲ ၀င်၇ဲဖို့ အနေသာ ဆိုင်ရှေ့ က ဖြတ်လျှောက်ဖို့ တောင်...ဒူးတုန်ဖူးတယ်...(အဟုတ်ပြောတာ)။ အင်တာနက်ဆိုင်ထဲဝင်သွားတဲ့ လူတွေဆို ကိုယ်အသာငေးကြည့်ခဲ့ရဖူးတာ ။ ကိုယ့် ထက်အတန်းငယ်တဲ့ ကလေးလေးတွေ ၀င်တာမြင်ရင်..ကိုယ့်ဟာကိုယ်သိမ်ငယ်သလိုခံစားရတယ်။
ကိုယ့် စိတ်ထဲမှာ အင်တာနက်ဆိုတာ တကယ့် heavy something ပေါ့...။
                            ကိုယ် internet အကြောင်းသိဖို့ ဆန္ဒတွေ ပြင်းပြလာတော့
 ဘော်ဒါတစ်ယောက်ကို အင်တာနက်ဆို တာ သင်ပေးဖို့ အပူကပ်မိတယ်။သူက သင်တန်းတောင် တက်ဖူးတာဆိုတော့ ကိုယ်သိချင်နေတဲ့  အင်တာနက်ဆို တာ သူကောင်းကောင်းပြောပြနိုင်လိမ့်မယ်လို့ 
ယုံကြည်တယ်...။ဇာတ်လမ်းက အဲ့မှာ စတာပေါ့.... Internet ဗိုင်းရပ်စ် ကိုယ့်ခန္ဓာကိုယ်ထဲ စတင်ကူးစက်ခဲ့တာ....။
အင်း..ကိုယ်ကိုယ်တိုင်ကို က ကူးစက်ခံချင်ခဲ့တာဆို ပိုမှန်မှာပေါ့....။
                             အင်တာနက်နဲ့ ရင်းနှီးပြီး တစ်ပတ်လောက်မှာတော့..ကိုယ် chatting နဲ့ ရင်းနှီးလာတယ်..။အင်တာနက်ထဲက chatting ဆိုတာလဲ ကိုယ်ကောင်းကောင်းနားလည်နေပြီလေ...ကျောင်းစာသာ ကိုယ်က
ပိန်းချင်ပိန်းမယ် ဒီလို ဟာမျိုး ဆိုရင်တော့ ကိုယ်က သဘောပေါက်မြန်တာကိုး...။
                             ဘော်ဒါတွေ chatting ကြောင်းပြောရင် ကိုယ်က ပြုံးနေနိုင်ပြီ..ကိုယ် chatting ဆိုတာကောင်းကောင်းသိနေပြီပဲ...။ကိုယ်သိတဲ့ ..internet ထဲက chatting ဆိုတာ အချိန်တန်လို့ မှာ မchatရရင် ဂနာကိုမငြိမ်တာ... မchat ရရင် နေကိုမနေနိုင်တာ...။ အကြောင်းအရာ တစ်ခုခုက တားဆီးထားမယ်ဆိုရင်တောင်.. နည်းလမ်းရှာပြီး chat ဖို့ ....စိတ်တွေက ပြတ်သားနေခဲ့တာ...။
                           အရင်က စာကျက်ဖို့ ..ကိုယ်ဆွဲထားခဲ့ တဲ့  "timetable" တွေက "go to internet shop" တွေဖြစ်ကုန်တယ်...။ အကြောင်းတိုက်ဆိုင်တယ်လို့ ပဲဆိုရမလား ...အစ်ကို ၀မ်းကွဲတစ်ယောက်က internet cafe လေး ထဖွင့်တယ်။
အသာယာဆုံး ဇာတ်လမ်းတွေပေါ့ ။အင်တာနက်ဆိုင်ထဲ ၀င်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်။
                                 ကိုယ့်အိမ်က အိမ်မြှောင်တွေသာစကားတတ်မယ်ဆိုရင်  ကိုယ့်ကို လာမေးလိမ့်မယ်.."မင်းစာကျက်တဲ့ အသံတွေပြောင်းသွားသလိုပဲလို့ " ....
ဟုတ်တာပေါ့...အရင်ကကိုယ်စာကျက်တဲ့ အသံတွေက ..."the study of biology is "
 ခုဆို "ဂျောက်...ဂျောက်...ဂျောက်.."တွေဖြစ်ကုန်လို့ လေ။ မဖြစ်ရိုးလား..ဆိုင်က
ကီးဘုတ်အစုတ်ကြီး ကိုယ် မ လာတာ ဘယ်သူမှမသိဘူး...
လက်ကွက်ကျင့်ဖို့ လေ...chattingထိုင်ရင်လက်ကွက်မြန်မှ...အဆင်ပြေတာ။ဆယ်တန်းမို့ 
အိမ်ပေါ်ထပ်တစ်ထပ်လုံး အပိုင်စားရထားတာ ။ချစ်မေကလွဲပြီး အိမ်ပေါ်ထပ် ဘယ်သူမှမတက်ရ..ချစ်သောမေမေ ကိုယ်တိုင် ထုတ်ပြန်ထားသော အမိန့် ။အပေါ်ထပ်
မီးလင်းနေရင်ကိုယ်စာကျက်နေတာပေါ့.....။ဒါကြောင့် ..ကိုယ် လွပ်လပ်နေတာ။
ဒါပေမယ့်..ကိုယ့်စာကျက်သံတွေ ပြောင်းနေခဲ့တာ ဘယ်သူမှ မရိပ်မိကြဘူး..။
                               ကိုယ်စာတွေကိုဥပေက္ခာပြုနိုင်လာတယ်..ဒီနှစ်ဂုဏ်ထူးနဲ့အောင်မှ ဖြစ်မယ်ဆိုတဲ့ 
ဆိုင်ထဲက မထွက်ချင်တော့ဘူး..။စာမေးပွဲရက်နီးလာလည်း ခေါင်းထဲ မထည့်တော့ဘူး....ကိုယ့်ခေါင်းထဲမှာ
ရှိနေခဲ့တာ အချိန်တန်ရင် chat ရဖို့ ပဲ...။အရင်က စာဂျပိုးက ခုတော့ internet ဂျပိုးဖြစ်မှန်းမသိ ဖြစ်လာခဲ့တယ်။အချိုးပြောင်းနေတဲ့ ..ကိုယ့်အမှုအရာတွေကို
                      အလဲ့ ..သူတို့ ကတောင်ပြောသေး...သူလေးကသူ့ အချိန်နဲ့ သူ သွားနေတာဆိုပဲ..။ဦးနှောက်လာဆေးတာ
ဆိုပြီး free လွှတ်ပေးထားကြတာ...။ရီတော့ရီချင်တယ်။
                                  စာမေးပွဲဖြေဖို့ 10 ရက်အလိုမှာတော့ ..ကိုယ် internet ဆိုင်ထဲဝင်ခွင့်လုံးဝပိတ်သွားတယ်။ဆိုင်ကို လာရဲလာကြည့် တုတ်နဲ့ ရိုက်လွှတ်မယ်ဆိုတဲ့  အစ်ကိုတွေစကား
ကြောက်လွန်းလို့ တော့မဟုတ်ဘူး..။အင်တာနက်ဆိုင်ထဲ ၀င်တတ်နေပြီဆိုတာ မွေးသမိခင်နားပေါက်ကြား
သွားလို့ ...chatting နဲ့ ကိုယ် 10 ရက် မတွေ့ ဖို့ ပြတ်သားစွာ ဆုံးဖြတ်လိုက်ရတယ်..။
                                  ရက်အတော်ကြာ ပစ်ထားခြင်းခံရတဲ့ကျောင်းစာတွေက ကိုယ့်ကို အကြည်ဖြူကြတော့ဘူး။အရင်ကဘယ်လောက်ပဲ ဂျောင်းဂျောင်းမြည်အောင် ကျက်ထားတဲ့ စာတွေက ပြန်မနွှေးတာကြာလို့ အစမေ့ အလယ်ပျောက်...အဆုံးမရတွေဖြစ်ကုန်ပြီ။
10 ရက်အတွင်း..ရသလောက်လေးပဲ ခေါင်းထဲ
သိမ်းကျုံးထည့်၇တော့တယ်..။(ဒါတောင်အရင်က အခံဓာတ်လေးရှိလို့ )
                                   စာမေးပွဲရက်တွေမြန်မြန်ကုန်ဆုံးဖို့ ကိုယ်နေ့ တိုင်းဆုတောင်းခဲ့တာ စာမေးပွဲရက်တွေကို ရင်ခုန်လို့ တော့မဟုတ်ဘူး ...မရမက မေ့ ပစ်ထားခဲ့တဲ့  chatting ကိုလွမ်းလို့ ။
" ဒီတစ်နှစ်ထပ်ကျလို့ ကတော့..." ဆိုတဲ့  အမေ့စကားကြောင့်သာကိုယ်chatting ကို ခွဲနိုင်ခဲ့ တာ...။
(ရက်ပိုင်းလောက်ပေါ့)
                                   ဒီလောက်တောင်internrtမသုံးရမနေနိုင်ဘူးလား?                                                                   ဘာတွေများရလို့ ဒီလောက်တောင် internet မသုံးရမနေနိုင်တာလဲ?
internet  သုံးတာဘာကောင်းလို့ လဲ?
လူတွေဘာလို့  internet သုံးကြတာလဲ?
                               ဒီမေးခွန်းအဖြေကို အတိအကျမဖြေနိုင်ပေမယ့် ....internetဆိုင်ထဲမှာလူမဆံ့ တာတော့နေ့ တိုင်းလေ (con မကောင်းတဲ့ရက်ကလွဲလို့ )
ဒီမေးခွန်းအဖြေ အတိအကျသိချင်ရင်တော့ ခင်ဗျားကိုယ်ထဲဗိုင်းရပ်စ်ထည့်ကြည့်ပေါ့လို့ ပဲ ပြောမိမှာ။    
                        ဒီဗိုင်းရပ်စ်ကြောင့် အိပ်ရေးပျက်အားနည်လို့ ဆေးခန်းပြဖို့ ပိုက်ဆံတောင် အင်တာနက်သုံးဖို့  member ထည့်ပါတယ်ဆို..ယုံတဲ့ လူရှိမလား? အိမ်ကပေးလိုက်တဲ့ကျောင်းမုန့် ဖိုးမုန့် ဝယ်မစားပဲအင်တာနက်သုံးပြစ်တဲ့လူရှိတယ်ကွာ!လက်ခံလား?
ကျန်တဲ့ချိန်မှာပိုက်ဆံရှိချင်မှရှိလိမ့်မယ်.....အင်တာနက်သုံးဖို့ တော့ပိုက်ဆံကျန်တယ်...။
အလှူခံထည့်ဖို့  ..အ၀တ်အစားဝယ်ဖို့  ပိုက်ဆံသာ နှမျောလိမ့်မယ် အင်တာနက်သုံးဖို့ တော့ ....နှမျောဖို့ စာရင်းမ၀င်ဘူး..ဟုတ်၇ဲ့ လား?
 မိုးရွာရွာနေပူပူinternet ဆိုင်သွားဖို့ ခြေလှမ်းတွေက အမြဲတက်ကြွနေဆိုတာ ယုံလား...?
ယုံတဲ့ လူရှိရင် လက်ညှိုးထောင်ကြည့်စမ်းပါ..။
                         ကမ္ဘာကျော် ဘောလုံးသမား David    Beckham က ပြောဖူးတယ် "ကျွန်တော့မှာရှိတဲ့စည်းစိမ်တွေဟာလှူမယ်ဆိုရင်တစ်သက်လှူလို့ မကုန်ဘူးတဲ့ .....
ဒါပေမဲ့ လူတစ်ယောက်စီကို.. နေ့ တိုင်း....အင်တာနက်သုံးဖို့ တစ်ဒေါ်လာစီပေးမယ်ဆိုရင်တော့ ..
ကျွန်တော့ စည်းစိမ်ဟာ..တစ်နှစ်အတွင်း ကုန်သွားလိမ့်မယ်" ဆိုပဲ...။
                         ကိုယ် ဆယ်တန်းတော့အောင်ခဲ့ပါတယ်....မွေးသမိခင်မျှော်လင့်ထားသလိုတော့ 
နောက်က distation တွေမပါတော့  အမေ့ရဲ့ပေါက်ကွဲသံစဉ်တွေစတယ်...။ကြိုတွေးပြီးသားမို့ ရင်တော့မ
တော့နာမိပါ၇ဲ့ ...။အမှတ်စာရင်းမရခင်ချိန်ထိ သူတို့ ကိုယ့်အပေါ် ယုံကြည်နေကြသေးတယ်လေ။
ချစ်မေမေက တစ်ချက်လွှတ် အမိန့် ချတော့တာပဲ.."ကျောင်းဆက်မထားတော့ဘူး" တဲ့ ....။
                              ဘ၀ တစ်ဆစ်ချိုးလို့ သတ်မှတ်ထားကြတဲ့ ....တက္ကသိုလ်တန်းမှာ
ဗိုင်းရပ်စ်ကြောင့်ကိုယ်တစ်ခြမ်းလေဖြတ်သလိုခပ်နုပ်နုပ်အမှတ်နဲ့ မလှမပအောင်လက်မှတ်ကြီး
ကိုင်ထားရတာတောင် ကိုယ်...ရှက်ရကောင်းမှန်းမသိဘူး...။ချစ်မေမေကိုပုန်ကန်တယ်လို့ တော့
ကိုယ်မခံယူချင်ပါဘူး...ရတဲ့ အမှတ်နဲ့ ..ရတဲ့ မေဂျာကိုယူပြီး distantနဲ့ ပဲကျောင်းပြီးအောင်ကြိုးစားဖို့ 
ဒါပေမယ့်...internet ဗိုင်းရပ်စ်က ကိုယ့်ဦးနှောက်ထဲက အသိတရားတွေကို လည်လိမ်ချိုးပြီး...ကိုယ့်ခန္ဓာ
ကိုယ်ထဲ အားကောင်းဆဲ.....။
                           လုပ်ငန်းခွင်ထဲရောက်လာတဲ့အချိန်မှာတော့...internet နဲ့အဆက်အသွယ်ပြတ်လာတယ်။အဆက်အသွယ်ပြတ်တော့ chatting နဲ့ လည်းမေ့နိုင်လာတယ်။ အသိတရားလေးလဲရလာပြီဆိုတော့ internet
 သုံးဖြစ်တယ်ဆိုရင်တောင် ကိုယ့်အတွက်အကျိုးရှိမယ်ထင်တဲ့  ဆိုက်ဒ်လေးတွေကြည့်တတ်လာတယ်....
ဘယ်မှာဘာတွေဖြစ်နေပြီလဲ ?ဘယ်မှာဘာတွေ ဖြစ်ကုန်ပြီလဲ..?ဆိုတာတွေက chatting ကိုလစ်လျူရှုနိုင်လာတယ်။Internetဆိုတာchattingသုံးဖို့ တစ်ခုထဲအတွက်မှန်းမဟုတ်ဘူးဆိုတဲ့
အတွေး...ခေါင်းထဲ ရောက်လာတဲ့အချိန်မှာ..ကိုယ်..မသိခင်အချိန်တွေကို နောက်ပြန်ကြည့်လိုက်ရင်...
ရင်းခဲ့ရတဲ့ဆုံးရှုံးမှုတွေကကိုယ့်ကို တော်တော်သွေးပျက်စေခဲ့တယ်...။အဆိုးဝါးဆုံးကအမေ့ရဲ့ မျှော်လင့်
                           လုပ်ငန်းခွင်ထဲရောက်လာတော့ လူပေါင်းစုံနဲ့ ဆက်ဆံဖြစ်တယ် ...အများစုက နယ်ကလာတဲ့ လူတွေ။လူစုံတဲ့ အချိန်မျိုးမှာညကအင်တာနက်မှာတွေ့ ခဲ့တဲ့ အထူးအဆန်း
လေးများပြောပြမိရင်..မျက်လုံးတွေက အ၀ိုင်းသားနဲ့ နားထောင်တတ်ကြတယ်..။ နားထောင်ရတာထက် သူတို့ ကိုယ်တိုင်မြင်ဖူးချင်လာတယ်...။အဆိုးဆုံးက ကြားဖူးနားဝရှိဖူးတဲ့  chatting ဆိုတာ သိပ်သိချင်ကြတယ်....။ခက်တာက internet ဗိုင်းရပ်စ် နဲ့  မိတ်ဆက်ခိုင်းတာ...။internet လို့ ဆိုလိုက်တာနဲ့ chatting ထဲရောက်သွားတာ...internet စသုံးတဲ့လူတစ်ယောက်ဟာ chatting လိုင်းထဲကထွက်ဖို့ တော်တော် ခက်ပါတယ်...။ကိုယ်စိတ်ပူမိတာအဲ့တာ။
           " ဟဲ့ ..ငါ့အင်တာနက် သင်ပေးစမ်းပါ " ဆို ကိုယ်တော်တော်လန့် နေပြီ....chatting ထဲကကောင်လေးတွေနဲ့ သံယောဇဉ်တွေဖြစ်....အပြင်မှာတွေ့ ပြီးတော့..တူနယ်တူနယ်ဗြောင်..ဆိုပြီး ကိုယ့်ဆီ internet သင်ဖို့ အပူကပ်သူတွေလည်းရှိတယ်..။သဘောမကျပေမဲ့လဲခင်မင်မှုလေးကရှိနေတော့ 
                              စိတ်ထဲမှာတော့ ကျိတ်ဆုတောင်းမိတယ်....တစ်ချိန်ကျရင်တော့ ဗိုင်းရပ်စ်သွင်းပေးသူရယ်လို့ အပြစ်မတင်မိစေဖို့ ပါ...။ဘယ်သူမပြုမိမိမှုပေါ့...။ဘယ်အရာမဆိုသုံးတတ်ရင်
ကိုယ့်အတွက်အကျိုှးရှိပါတယ်...။
                                 ကိုယ်တွေးထားတဲ့ အတိုင်းပါပဲ နောက်နေ့ တွေက စပြီး ဗိုင်းရပ်စ်ဇာတ်လမ်းတွေကြားရတော့တာပါပဲ...။အရင်ကအမြဲလန်းဆန်းနေတတ်တဲ့...ဌာနစာရေးမလေးက အိပ်ရေးပျက်မျက်နှာလေးနဲ့ ...။
                           " အိပ်ရေမ၀ဘူးလား "
                              "အင်း ညက ..နည်းနည်းနောက်ကျသွားလို့  "
ကိုယ်တို့ ကုမ္ပဏီ ၀င်းထဲမှာက internet cafe လေး ရှိတော့  အလုပ်အားရင် သုံးလို့ ရအောင် ကုမ္ပဏီက ဖွင့်ထားပေးတာ။
                             "အငယ်လေး..ညကထည့်ပေးထားတဲ့တစ်ယောက်လေ...အမနဲ့တော်တော်ခင်သွားတာ....
အပြောကောင်းတာတစ်နာရီ ထိုးတယ်လေ"
အော်...အဲ့တာ ဗိုင်းရပ်စ်ရဲ့ နိဒါန်းတွေပေါ့...။ပြောလို့ မဆုံးသေးဘူး နောက်ကတစ်ယောက် ပုခုံးလာပုတ်တယ်..။
                                "ဟဲ့ ...အငယ်လေး...နင်ပေးထားတဲ့တစ်ယောက်လေ...မန္တလေးက ဆိုတာ..မနေ့ ကဓာတ်ပုံပို့ တယ်သိလား...ငါ့ကိုလဲ ဓာတ်ပုံ ပြန်ပို့ ခိုင်းနေတယ်...ငါမှ မပို့ တတ်တာ..ငါ့ကိုညကျ၇င် ပုံပို့ နည်းသင်ပေးဦး "
                           ဟိုက်..ဟုတ်နေကြပါလား...စသုံးစမို့ ကိုယ့်အကောင့်ထဲက fri တွေ ထည့်ထားပေးမိတာ။
                    " ဒါဆိုအမ ကောင်းနေပြီပေါ့....အဆင်တွေပြေနေတာ...အရမ်းလဲမကဲနဲ့ နော်.
အမလူကြီးသိရင် ကွိုင်မှာ"
 "အေးဆေးပါ.....သွားတော့မပြောနဲ့ နော်...။ဟိုကဓာတ်ပုံအတင်တောင်းနေတာဟ
အဟိ ချောချောလေးဟဲ့ "
                    " ဒါဆို ...အစ်ကို့ ကို ဘယ်လိုလုပ်မှာတုန်း"
                   " ဒါက ဒါလေ..ဟိုဟာက ..ဟိုဟာ..."
 အော်...အင်တာနက်ဗိုင်းရပ်စ်....ငါသိသိကြီးနဲ့  မမြင်ချင်ယောင်ဆောင်နေရအုံးမှာပေါ့လို့ ...။
              အိမ်နဲ့ ခွဲ..ဘော်ဒါတွေနဲ့ တစ်ကွဲတစ်ပြားစီဖြစ်..အဆောင်နေလခစားအလုပ်သမားဘ၀ကျေကျေ
နပ်နပ်ကြီး ခံယူပြစ်ခဲ့ တာ ချစ်သောမေမေ၇ဲ့ " ကျောင်းမထားတော့ဘူး"
စကားတစ်ခွန်းရယ်ကြောင့်ပါ..။internet ဗိုင်းရပ်စ် ကိုက်လို့ လူရာမ၀င်တဲ့ အမှတ်နဲ့ ဆယ်တန်းအောင်ခဲ့တဲ့ 
ဒီကုမ္ပဏီမှာ အလုပ်ဝင်ဖြစ်ခဲ့ တာတောင်  အင်တာနက်ဆိုင်ရှိတယ်ဆိုတဲ့  အသိတစ်ခုတည်းနဲ့ ။ကြည့်စမ်း..
internet ပေါ် သံယောဇဉ်ကြီးချက်က အိမ်ကိုတောင် တစ်လတစ်ခေါက်ပြန်ဖို့  စိတ်နာခဲ့ တာ။
                   ကိုယ့်အကြောင်းကို စဉ်းစားရင်း လျှောက်လာတာအခန်းရှေ့ တံခါးရွက်ပေါ်က စာရွက်ဖြူဖြူ
လေးမြင်မှ အတွေးပြတ်သွားတယ်..။
                  " အငယ်လေး ...ခုံပေါ်မှာ ထမင်းတစ်ဝက်ချန်ထားတယ်...မစောင့်နဲ့ တော့ နော် အင်တာနက်ဆိုင်သွားမှာ နောက်ကျချင်ကျလိမ့်မယ်...နင့်စာအုပ်ကြားထဲက ...အစိမ်းတစ်ကောင်ယူသွားတယ်.."    ဆိုပဲ ။
                    အရင်ကဆို...ကိုယ်ပြန်လာတဲ့ အထိထမင်းအတူစားဖို့ စောင့်နေတတ်တဲ့ 
မအိတစ်ယောက်....ကိုယ်အင်တာနက်ဆိုင် သွားရင် ဘေးကလိုက်ကြည့်ရင်းက အင်တာနက်သုံး
တတ်သွားတာ ....အရှင်းဆုံးပြောရ၇င် chatting လိုင်းထဲ ရောက်သွားတာ။
           ပြင်းလို့ လိုက်ခဲ့ မယ်ဟာဆိုတဲ့ မအိတစ်ယောက် ခုတော့ ကိုယ်မပါလဲ အင်တာနက်ဆိုင်သွားတတ်နေပါပြီ...။မနေ့ ဖြန် ကျူရှင်သွားဖို့  ထားတဲ့ ပိုက်ဆံလေးတောင် အဆစ်ပါသွား
သေးတယ်။ ကောင်းရော..။
     အဲ့ ချိန်မှာပဲ... " ဇင်ဇင် ရှိလား ? ဖုန်းလာတယ်...."  ဆိုပြီး..အခန်းထဲကို ကောင်မလေးတစ်ယောက်ဝင်လာတယ်...။
             " မ ဇင်ဇင် ဖုန်းက လာလှချည်လားဟ  ဟိုတစ်ခါတစ်ယောက်ပဲလား "
              "ဟင့်အင်း.. ဒါနောက်တစ်ယောက် အရင်တစ်ယောက်က ပြတ်ပြီ " 
          တိုးတိုးလေးပြောပြီး ...ဟိုဘက်အာရုံ ပြန်ရောက်သွားတယ်... နောက်တော့ ..ခစ်..ခစ်...ခစ်
ခွိ..ဆိုပြီး ဖုန်းတစ်လုံးနဲ့ သာယာနေပါတော့ တယ်။
                ဒီတစ်ယောက်လဲ ကျောင်းခွင့်ယူပြီး ပြန်လာတည်းက internet ဗိုင်းရပ်စ် ကပ်လာတာ။
Chatting ထဲက ကောင်လေး တွေ ဖုန်းနံပါတ်ပေးမိလို့  တစ်လတစ်လ ဖုန်းဖိုးနဲ့ ခေါင်းမဖော်နိုင်တာ..
ဗိုင်းရပ်စ် ကူးခံလိုက်ရတည်းက။
              " အငယ်လေး ဘာကျန်သေးလဲ ဗိုက်ဆာလိုက်တာဟာ  " လာပြန်ပြီတစ်ယောက်...။
ဗိုက်လေး လက်နဲ့ နှိပ်ပြီး ၀င်လာတာ မနန်း...။
             "အာ...မနန်းကလည်းnightဆင်းတဲ့ လူက ပြန်လာမေးနေတယ်...ထမင်းစားမလာခဲ့ 
ဘူးလား "
             " အေးဟာ...အင်တာနက်ဆိုင်သွားနေတာလေ..ညစာငတ်တာ 4 ရက်ရှိပြီ...ကောင်လေးအလုပ်ကဒီချိန်ပဲအားတာလေ။ငါ့ထမင်းစားချိန်နဲ့ တိုက်နေပေမယ့် 
ဒီချိန်လေးပဲတွေ့ ရတာဟ" 
            " ကောင်းပါ့..အငတ်ခံပြီး သွား chat နေတာပေါ့ ကြာရင် ထိမယ်သိလား...စားချင် ခုံပေါ်မှာကျန်သေးတယ် ...စားလိုက်တော့ ..." 
 အော် ..ကိုယ့်ခန်းထဲမှာ ဗိုင်းရပ်စ် ကူးစက်ခံရသူတောတော် များများပါပဲ ....။အခန်းထဲမှာ တစ်ယောက်
က ပိုးရှိနေတော့ ..နောက်တစ်ယောက်ကူးစက်ခံရဖို့ ဆိုတာ သိပ်တော့ မဆန်းပါဘူး ...။အဲ့ တစ်ယောက်က ဘယ်လို ကူးတာလဲ ဆိုရင်...ကိုယ့်ဆီကပဲပေါ့...။
        ရေချိုးပြီးလို့ နောက်ဆုံးလက်ကျန် ငွေစက္ကူတစ်ချို့ ကို အနွေးထည်အကျီထဲ ထိုးထည့်ရင်း အပြင်ထွက်ဖို့  ပြင်လိုက်တယ်..။
 " ရှင်ကကော..ဒါဘယ်တုန်း...မနေ့ ဖြန် ကျောင်းမှာ assignment သွားတင်မယ်ဆို စောစော မအိပ်ဘူးလား...."
            "ထုံးစံတိုင်းပေါ့ ..မမကလဲ "
             " အေး ..သွား...နေ့ နဲ့ ညနဲ့  မှားနေတာ  ...မှုးပြီးလဲလို့ ကတော့  ငါထိုင်ကြည့်နေမှာ..."    
             ဒီလိုပါပဲ..အပျိုကြီးတစ်ယောက် မြည်တွန်တောက်တီးပြီးကျန်ခဲ့ တယ်....။ကျွစ် နောက်နေ့ အင်တာနက်ဆိုင်
 ခေါ်သွားမှ ကြည့်ကောင်းဦးမယ်..ဟွန်း။
           လက်ကာပြပြီး အခန်းထဲက ထွက်ခဲ့ တယ်..။ထုံးစံတိုင်း အင်တာနက်ဆိုင်ပေါ့...။internet ဗိုင်းရပ်စ်ဆိုတဲ့  ပို့ စ် အသစ်လေး တင်ဖို့ ကိုယ်လဲ အင်တာနက်ဆိုင် သွားရပြန်ဦးမယ်..။
            ခုဆို...ကိုယ့် ခန္ဓာကိုယ်ထဲက အင်တာနက် ဗိုင်းရပ်စ်တွေကို ကိုယ် ကောင်းကောင်းကြိုးကိုင်
တတ်နေပါပြီ။ နာ၇ီတစ်ချက်ကြည့်မိတယ်...11:45 ..အင်း ဒီချိန်လောက်ဆို ဆိုင်မှာ လူရှင်းကောင်းပါရဲ့ ။
အတွေးက တက်တက်စင်အောင်လွဲပါတယ်...ဆိုင်ထဲက လူအုပ်ကြည့်ပြီး သက်ပြင်းတောင်ယောင်ပြီး ချမိ
တယ်..။
       စောင့်စမ်းဟဲ့ ....အမုန်း ။
          အော်..အင်တာနက် ဗိုင်းရပ်စ်...အင်တာနက်ဗိုင်းရပ်စ်။
    ဘယ်ချိန်ထိတောင်များ လူပေါင်းတော်တော်များများကို ကူးစက်ဦးမှာလဲနော်...။
           ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
1 comment:
  1. မှန်လိုက်လေတော်....
    သေး..အဲလေ..သွေးထွက်အောင်ကိုမှန်နေတာကလား..ဟိဟိ
    သများတို့က ချက်တာဟုတ်ဘူး ဂင်းတာ(blogging) :P
    အင်တာနက်ဆိုင်ကနေပို့စ်တစ်ပုဒ်တင်ဖူးတယ်
    နှစ်နာရီတောင်ကြာသဗျား)
    ခုတောင်....မဖြစ်မနေမို့ဘလော့ကိုခဏပစ်ထားပီး
    လက်တွေ၊ခြေတွေကြိုးနဲ့တုပ်
    ပါးစပ်ကိုပလာစတာကပ်ထားရတယ်။
    နို့ပေမယ့်..အမှန်တရားတွေရေးထားတာမြင်မိတော့
    ကွကိုယ်ကြိုးဖြေပြီး.၀မ်းပန်းတသာမန့်ရပြန်ရေား))
    အင်းးးးးးး....ဒီလိုနဲ့ဘဲ ............
    ရေးထားတာလေး..အတော်ကောင်းပါတယ်။
    နောက်ဆက်တွဲလေးကိုတော့..အားမှအားဖတ်ဖြစ်တော့မယ်။
    ReplyDelete