မိုးရိပ်မှရောက်လာသောမိတ်ဆွေများကိုနွေးထွေးစွာကြိုဆိုပါတယ်နော်...စိတ်၏ချမ်းသားခြင်း...ကိုယ်၏ကျမ်းမာခြင်းများနှင့်ပြည့်စုံကြပါစေရှင်

Monday, April 16, 2012

ပျားရည်အကြောင်း....

                                                    " ပျားရည် "

  ပျားရည်ကိုတစ်နှစ်ကျော်သွားရင် ပျားရည်ဟောင်းလို့  သတ်မှတ်ပါတယ်။ပျားရည်သစ်က 
လူကို ပိန် စေပါတယ်။ပျားရည်ဟောင်းက လူကို ၀စေပါတယ်။


ပျားရည်စစ်မစစ်ခွဲရန်

     -     ပျားရည်စားပြီး လက်ဆေးလိုက်လို့ စင်ကြယ်သွားရင် ပျားရည်စစ်ပါတယ်

     -    ပျားရည်စစ်စစ်တစ်ဇွန်း၊နှမ်းဆီစစ်စစ်တစ်ဇွန်း ပေါင်းလိုက်လို့ တစ်ဇွန်းပဲရရင်
          ပျားရည်စစ်ပါတယ်။

     -     ပျားရည်ကို ဖန်ခွက်တစ်လုံးထဲမှာထည့် လို့ စုခဲထိုင်သွားရင် ပျားရည်စစ်ပါတယ်။
           (ရေထည့်ထားသောဖန်ခွက်)
  
     -     စက္ကူအဖြူပွပေါ်မှာ ပျားရည်အစက်ချကြည်လို့  ပျံ နှံ့ သွားရင် ၊ယိုစိမ့်  သွားရင်ပျားရည်မစစ်ပါဘူး။


     -     ပျားရည်ကို သစ်သားမီးဖြစ်ဆံရဲ့ ထိပ်မှာတို့ ပြီး မီးရှို့ လိုက်ရင် မီးထတောက်တဲ့ အခါ          
           ပျားရည်စစ်ပါတယ် ။  

     -     ပျားရည်ကို ခွေးချကျွေးလိုက်လို့ ခွေးမစားရင် ပျားရည်စစ်ပါတယ်။ 

     -     ပျားရည်ကို ၀ါဂွမ်းထဲနှစ်ပြီး မီးရှို့ လိုက်လို့ မီးထတောက်ရင် ပျားရည်စစ်ပါတယ်။ 


ပျားရည်အားဆေးများ


                     ရှားစောင်းလက်ပပ်အတွင်းသားကို ပါးပါးလှီးလို့ ပျားရည်မှာ(၃) 

ရက်စိမ်ထားပါ။အမျိုးသမီးတွေအနေနဲ့ တစ်ခါစားရင် တစ်လက်မလောက်ကို ည၊မနက်

စားပြီး ပျားရည်တစ်ဇွန်းသောက်ပေးရင် သွေးသားသန့် စင်ပြီး မှန်ကန်စေပါတယ်။

တစ်လအတွင်း အသားအရည်စိုပြေလှပ လာစေပါတယ်။


နောက်အသားလှဆေးတစ်မျိုး


                      ပျားဖယောင်း (၃၀) ဂရမ်၊ပျားရည် (၃၀) ဂရမ်၊ ကြက်သွန်နီသတ္တုရည် (၃၀) ဂရမ်ပါတဲ့ ဆေးပါ။

                      ဆေးဖော်စပ်ရာမှာ အရင်ဆုံးပျားဖယောင်းကို မြေအိုးမှာထည့်ပြီး ကျိုချက်ရမှာဖြစ်ပါတယ်။ပျော်သွားရင် မီးအရှိန်လျှော့ပြီး ကျန်တဲ့ ပစ္စည်းတွေကို 
မီးနွေးနွေးမှာ ကျိုချက်ရမှာ ဖြစ်ပါတယ်။အစကနေ အဆုံးထိ သစ်သားယောက်မနဲ့ ပဲ
မွှေပေးဖို့ လိုအပ်ပါတယ်။ 

                       ဒီဆေးကိုလိမ်ပြီး နှစ်နာ၇ီ၊သုံးနာရီကြာရင် အ၀တ်သန့် သန့် နဲ့ သုတ်ပေးဖို့  
လိုအပ်ပါတယ်။ဒီဆေးဟာ မနက် ညလိမ်းရင် မျက်နှာပေါ်က အမည်းစက်၊အရေးအကြောင်း
တွေကို ကာကွယ်ပေးရုံမက မျက်နှာမှာရှိတဲ့ ဇရာနဲ့ အရိပ်တွေ အသားအရေတွန့် တာတွေပါ
သက်သာစေပါတယ်။

                     moeyateko@gmail.com

 

      


         

2 comments:

  1. ပျားရည်အကြောင်းဖတ်သွားပါတယ် ညီမရေ

    ReplyDelete
  2. ကျေးဇူး...ချစ်ယောင်းရေ။

    ReplyDelete