သွေးလှူချင်သူများအတွက်........
" သင့်သွေးဖြင့်အသက်ကယ်ပါ "
ဒီစာကြောင်းလေး...မိုးရိပ် ကို ကိုင်လှုပ်ခဲ့ တာ 10 တန်းကျောင်းသားဘ၀တည်းက..။
ဒီပို့ စ်လေးတင်ဖြစ်ရတဲ့  အကြောင်းအရင်းကလည်း ....
ခုဆိုအတာသင်္ကြန်ရောက်တော့ မှာ ဖြစ်တဲ့ အတွက် ကောင်းမှုကုသိုလ်တွေကို မြန်မာဗုဒ္ဓဘာသာဝင်တွေပြု
လုပ်ကြတော့ မှာ မိုးရိပ် သိတယ်..။အဲ့ ထဲမှာမှ သွေးလှူပြီး
ကုသိုလ်ယူမယ့် ဘော်ဒါတွေများရှိခဲ့ ရင်ပေါ့..ခုတည်း
က ကြိုတင်ပြင်ဆင်ထားနိုင်အောင်ပါ..။
လက်တို့ တာလဲဆို တော့ ....မိုးရိပ်လို ဖြစ်မှာဆိုးလို့ ..။
ကိုယ်က သွေးလှူချင်နေတာ တစ်ပိုင်းကို သေလို့ ...။ဆယ်တန်းတုန်းထဲက ...မလှူဖြစ်ခဲ့ဘူး
အိမ်က ခွင့်မပြုလို့ ..။ဆယ်တန်း မို့ လို့ 18 နှစ်မပြည့်သေးလို့ ဆိုပြီး
ဦးလေးတစ်ယောက်ရဲ့ အော်ပရေးရှင်းမှာ သွေးလိုတာတောင်ကိုယ်လှူခွင့်မရခဲ့ ဘူး....။
18 နှစ်ပြည့်ပြီးပြန်တော့လည်း ...မွေးနေ့ မှာ သွေးလှူမယ်ဆုံးဖြစ်ပြီးထားကာမှ
အလုပ်တစ်ဖက်နဲ့ ...ပြီးတော့ ကျောင်းစာမေးပွဲနဲ့ လဲတိုက်နေပြန်ကော...အဲ့  ..ဒါနဲ့  ပဲအိမ်က
မလှူခိုင်းပြန်ဘူး...။
ဒါနဲ့ သွေးလှူချင်တဲ့ ပိုးက တော်တော်ကို ဆိုးနေတာ..သူများတွေလှူတာတွေကြည့်ပြီး
ကျိတ်အားကျခဲ့ရတာ..။ငါလဲ ..တစ်နေ့ လှူဖြစ်အောင်လှူမယ်လို့ တော့ .... ဥ
ထားရဲ့ ..။အကြောင်းမတိုက်ဆိုင်တာကော..အလုပ်တစ်ဖက်နဲ့ ကော..အပြင်ဘယ်မှ မထွက်ဖြစ်တော့ 
ရင်ထဲကဆန္ဒလေး ဥ ထားလိုက်ရတယ်...။
အယ်...တစ်နေ့ မှာတော့  အလုပ်ထဲက အမတစ်ယောက်က ပြောလာပါရော.။
26.2.2012(SUN) မဟာဗျူဟာအသင်းချုပ် ၁၁၇ကြိမ်မြောက်ဒါနဥပပါရမီသွေးလှူဒါန်းပွဲ
.ရွှေတိဂုံမှာ သွေးသွားလှူကျမယ်ဆိုပြီး အကြောင်းကတိုက်ဆိုင်လာပါကောလား ။
ဘာမှကြိုတင်မပြင်ဆင်လာမိဘူး...။အယ့် သွေးလှူတာများကွာ..ဘာများ
ပြင်ချင်သေးလို့ တုန်းလို့  များဆိုရင်တော့ ..ရှိတာပေါ့....ရှိပါ့....။လာမယ်..နောက်မှ။
ကဲ ..လှူကျပါရော..လူပေါင်း ထောင်ကျော်တယ်..သွေးလှူတာက 5 မိနစ်မကြာဘူး။
လူစောင့်ရတာက..နေ့ ဝက်ကျိုးတယ်..မနက် 10 နာ၇ီက ညနေ 4နာ၇ီမှ
ကိုယ့်အလှည့်ရောက်တယ်(ငါနော်....ဟွန်းလှူချင်လွန်းလို့ ဒီလောက် စောင့်တာ)အလှည့်ရောက်လို့ သွေးဖောက်ကော...အမျိုးသားသွေးလှူဘဏ်က သွေးမလှူခင်
အကုန်စစ်တာပေါ့နော်...သွေးအမျိုးအစား...သိဖို့  သွေးလဲဖောက်ကော....အဟိ သွေးက
မကျဘူးဗျ...သွေးစို့ ရုံလေးတင်စို့ တာ..သွေးက မကျဘူး...။အဲ့တာနဲ့ ဆရာမက
သမီးလေး သွေးအမျိုးအစားက O တဲ့ ..။ခုတော့သွေးလှူလို့ မရသေးဘူး ဟေမိုဂလိုဘင်
အားနည်းနေတယ်တဲ့ ...။စာရွက်လေးတစ်ရွက်ပေးပြီး ပြန်လွှတ်တယ်.....။
ဟ ..ဘာလဲဟပေါ့....။ဘာတုန်း...ဟေမိုဂလိုဘင်ဆိုတာ...။အဲ့ တော့ မှ လက်ထဲကစာရွက်လေး
ဖတ်ဖြစ်တယ်..။အဲ့တော့ မှ ..အော်...ဆိုပြီး ....။
ဟုတ်တယ်လေ..သွေးလှူချင်တာပဲ သိတာ...သွေးလှူဖို့ ဘာတွေလုပ်ရလဲကိုယ်မှ မသိတာ...။
တစ်အချက် ညက အိပ်ရေးဝအောင်မအိပ်ခဲ့ ဘူး...6 နာ၇ီပြည့်အောင်ပေါ့ ....။နှစ်...အဲ့ညနေ 4 နာ၇ီထိ
ကိုယ့်အစာအိမ်ထဲက ရှိတဲ့ အစာက ပဲနို့ ခေါက်ဆွဲတစ်ပွဲနဲ့ ..အချိုရည်
တစ်ခွက်....။မနက်တည်းက စောင့်နေတဲ့ အမတွေကို
အားနာလို့ ဘာမှစားမလာခဲ့ ဘူးလေ...။အရင်ရက်တွေကလည်း
တစ်နေ့ လုံးနေလို့ ထမင်းမစားလိုက်ရတဲ နေ့ တောင်ရှိသေးတာ ...။(ထမင်းစားဖို့ မေ့ နေတာ)
ကဲ ....လူက အားမှမရှိတာ ...။သွေး ကဘယ်ထွက်မတုန်း ။အဲ့ တာနဲ့ ..လှူဖို့ လာတာ5ယောက်
မှာ ကိုယ်တစ်ယောက်ပဲ ပြုတ်ကျကျန်ခဲ့ တာ ..ဘယ်လောက်ရင်နာဖို့ ကောင်းသလဲ..ပြီးတော့ ကိုယ်က
လှူချင်နေတာ တစ်ပိုင်းသေလို့ ...။သူများတွေ လှူတာ.. ကိုယ့်မှာ လှေကားခြေရင်းလေးမှာ
ငုတ်တုတ်လေးငိုင်ပြီး ကြည့်နေခဲ့ရတာ...။အားပေးကြပါတယ်...။မဟာဗျူဟာ အသင်းချုပ်
လာလှူဖြစ်အောင်လှူပါတဲ့ ..။ကိုယ်လဲ စိတ်ပိုင်းဖြတ်ပြီးသား....သွေးလှူကို လှူအုံးမှာ လို့ ..။
အင်း ...အဲ့ တော့ မိုးရိပ်လို မဖြစ်အောင်...သွေးလှူချင်တဲ့ ဘော်ဘော်တွေကို မိုးရိပ်
ရခဲ့ တဲ့ စာရွက်ထဲက အကြောင်းအရာလေးတွေ...ပြောပြလိုက်တယ်...ကြို တင်ပြင်ဆင်လို့ ရအောင်ပါ...။
ဟေမိုဂလိုဘင်
သွေးလှူရှင်များသွေးလှူရန်လာရောက်သည့်အခါတွင် သွေးမလှူမီ သွေးထဲတွင် ဟေမိုဂလိုဘင်
ပြည့်/မပြည့် စစ်ဆေးပါတယ်.။
ဟေမိုဂလိုဘင်ဆိုသည်မှာ...
သံဓာတ်နဲ့  ပရိုတင်းဓာတ်(၁) မျိုးတို့ ပူးပေါင်းဖြစ်ပေါ်ပြီး သွေးနီဥများတွင်ရှိသည်။
ထို့ ကြောင့်သံဓာတ်လျှော့ နည်းပါက သွေးအားနည်းခြင်းကို ဖြစ်စေနိုင်သည်။သွေးအားနည်းခြင်း
ရှိ/ မရှိ ဟေမိုဂလိုဘင် ကိုစစ်ဆေးရပါသည်။
ဟေမိုဂလိုဘင်သည် ခန္ဓာကိုယ်ပေါ်ရှိအင်္ဂါအစိတ်အပိုင်းအသီးသီးက
လိုအပ်သည့် အောက်စီဂျင်ကို အဆုတ်မှ တဆင့် သယ်ယူပို့ ဆောင်ပေးသည်။
ဟေမိုဂလိုဘင်သည်
လူတစ်ဦးတွင် တစ်ချိန်နှင့်တစ်ချိန် အမျိုးသားနှင့်အမျိုးသမီးအတွင်း ကွဲပြားခြားနားခြင်းရှိသည်။
ဟေမိုဂလိုဘင်မပြည့်ရသည့်အကြောင်းအရင်း
သံဓာတ်ချို့ တဲ့ ခြင်းသည်အောင်ပါ အကြောင်းများကြောင့်ဖြစ်ပွားနိုင်ပါသည်။
၁။လိုအပ်သည့်သံဓာတ်များပြည့်ဝမှုမရှိခြင်း
-သံဓာတ်အာဟာရပြည့်ဝသည့် အစားအသောက်များကို မစားခြင်း
-စားသုံးသည့်အစာအာဟာရတွင်ပါဝင်သည့် ဓာတ်ကို အူမှမစုပ်ယူနိုင်ခြင်း
-သံကောင်များရှိခြင်း
၂။ကိုယ်ခန္ဓမှသံဓာတ်ဆုံးရှုံးမှုများခြင်း
- အချို့ သောဆေးများသုံးစွဲခြင်း
(ဥပမာ -အကိုက်အခဲပျောက်ဆေး)
- အမျိုးသမီးများ ဓမ္မတာပေါ်ချိန်ရာသီသွေား များပြားစွာဆင်းခြင်း
တို့ ကြောင့်သံဓာတ်ချို့ တဲ့ နိုင်ပါသည်။
ဟေမိုဂလိုဘင်မပြည့်သေးက သွေးမလှူသင့်သေးပါ။
### သွေးမလှူသေးခင်စစ်ဆေးသော ဟေမိုဂလိုဘင်မပြည့်ခြင်းသည် ရောဂါမဖြစ်သေးပါ။
သွေးလှူရန်မသင့်သေးခြင်းဖြစ်ပါသည်။
### သွေးလှူဒါန်းသည့်အခါတိုင်း သံဓာတ်များဆုံးရှုံးသဖြင့်သွေးလှူရှင်များသည်
ပုံမှန်သွေးလှူဒါန်းနိုင်ရန် သံဓာတ်ပြည့်ဝသည့် အစားအစာများကို စားသုံးရန်လိုအပ်ပါသည်။
### အသားငါး ၊အသည်းနှင့်ဘဲသွေး(သွေးခဲ) စသည်တို့ တွင်ပါသောသံဓာတ် ကို အစာလမ်းကြောင်းမှ
လွယ်ကူစွာ စုပ်ယူနိုင်သောကြောင့် ထို အစာများကို များများစားပါ။
သံဓာတ်ကြွယ်ဝသောအစားအစာများကို များများစားသုံးပါ။
အသား၊ငါး၊အသဲ၊ဥ နှင့်သွေးခဲများ
ဟင်းနုနယ်၊မုံညင်း၊ကန်စွန်း၊ကင်းပုံ၊ချဉ်ပေါင်
ဂေါ်ဖီစိမ်း၊ပဲသီး
ပဲအမျိုးမျိုး
ဟင်းသီးဟင်းရွက်နှင့် ပဲအမျိုးမျိုးတွင် ပါဝင်သော သံဓာတ်ကို အစာလမ်းကြောင်းမှ အလွယ်တကူစုပ်ယူနိုင်ရန် အသား၊ဥ၊ ငါး တစ်မျိုးမျိုးနှင့် ရောနှောပြီးချက်ပါ။(သို့ မဟုတ်) သံဓာတ်စုပ်ယူမှုကို အားပေးသည့်  အချဉ်နှင့် တွဲပြီးစားပါ။
ဥပမာ
အသီးအရွက်များကို သုတ်စားသောအခါ သံပုရာရည်ညစ်ပြီးစားခြင်း
ချဉ်ရည်ဟင်းချက်ပြီးစားခြင်း
အချည်တည်စားခြင်း
ပဲကို အပင်ဖောက်ပြီးစားခြင်း
ပဲတီချဉ် ပြုလုပ်စားခြင်း
ထမင်းစားပြီးနောက် အချဉ်ဓာတ်ကြွယ်ဝသော အသီးများစားခြင်း
တို့ သည် သံဓာတ်စုပ်ယူမှုကို အားပေးသည်။
သံဓာတ်စုပ်ယူမှုကို တားဆီးသောအချက်များ
လက်ဖက်ရည်သည်အူမှသံဓာတ်စုပ်ယူမှုကို အနှောက်အယှက်ပြုသဖြင့် ထမင်းစားပြီးပြီးခြင်း လက်ဖက်ရည်သောက်ခြင်း၊လက်ဖက်စားခြင်းတို့ ကို ရှောင်ကြဉ်ပါ။
သွေးအလှူရှင်များသည် သွေးအားပြည့်စေရန် သံဓာတ်ပါဝင်သည့် အစားအစာများ
ကိုစားခြင်း၊သံဓာတ်စုပ်ယူရာတွင်အတားအစီးဖြစ်စေသည့်အပြုအမှုများကို
ရှောင်ကြဉ်ခြင်းတို့ ပြုလုပ်ရပါမည်။
သွေးလှူရန်ဟေမိုဂလိုဘင်မပြည့်ပါက နောက်တစ်ကြိမ် ပြန်လည်လှူဒါန်းနိုင်မည့်အချိန်ကို
တာဝန်ရှိသူများနှင့်ဆွေးနွေးနိုင်ပါသည်။
သွေးအားပြည့်ဝအောင် နေထိုင်စားသောက်ပြီးသွေးလှူရန် ဟေမိုဂလိုဘင်ကို နောက်တစ်ကြိမ်
ပြန်လည်စစ်ဆေးပြီး လှူဒါန်းနိုင်ပါသည်။
ကဲ....ဒီလောက်ဆို ...ကိုယ့်လို သွေးလှူချင်သူများ ကြိုတင်ပြင်ဆင်နိုင်ပါပြီနော်...။အစားအသောက်မှန်သူတွေအတွက် တော့  ဘယ်ချိန်ထလှူလှူ ၇ပေမယ့် မိုးရိပ်လို အစားအသောက်က မမှန် အိပ်ချိန်က မှား ...နေ့ စာနဲ့ ညစာ ဖြစ်တာနဲ့ စား...ကြုံရာနဲ့ တွယ်တဲ့ လူများရှိရင်တော့ ..ခုတည်းက ပြင်ဆင်ထားနိုင်အောင်ပေါ့..။
moeyateko@gmail.com
No comments:
Post a Comment