" နွားနို့ "
- ဟင်းချက်ရာတွင် အကြော်အလှော်များ အရသာငန်နေပါက နွားနို့ အနည်းငယ်ဆမ်းပေးပါ ..ဟင်းအရသာ ပေါ့သွားပါလိမ့်မယ်။
- ငါးမကြော်မီ နွားနို့ ထဲ အချိန်အနည်းငယ်စိမ်ပြီး ကြော်လျှင် ငါးဟင်းမှာ မညှီတော့ ပဲ အရသာမှာ ပိုကောင်းလာပါလိမ့်မယ်။
- နွားနို့ ဖြင့် မျက်နှာသစ်လျှင် လက်ပေါ်သို့ လိမ်းကျံလျှင် မျက်နှာနှင့်လက် အရေပြားနှုးညံ့ လာပါလိမ့်မယ်။
- အ၀တ်အစားပေါ်မှင်စွန်းထင်သည့်အခါ ရေသန့် သန့် ဖြင့်အရင်ဆေးပြီးမှ နွားနို့ ဖြင့်နောက်ထပ်ထက်ဆေးပေးပါ.....ပြိးလျှင်ချေးချွတ်ဆေးရည်ဖြင့်ဆေးလျှော်ပါ။လုံးဝပျောက်ကင်းသွားပါလိမ့်မယ်။
- ရေထဲကို နွားနို့ အနည်းငယ်ရောပြီး ပန်းမန်များကို ရေလောင်းပေးပါက ပန်းပင်များကို ပိုပြီးရှင်သန်စေပါတယ်။
- နွားနို့ အကြွင်းအကျန်ဖြင့်သားရေဖိနပ်(သို့ )အခြားသရေပစ္စည်းများကိုအ၀တ်စဖြင့်ပွတ်တိုက်ပေးပါက သားရေမျက်နှာပြင်ကို မအက်ကွဲအောင် တားဆီးနိုင်သည့်အပြင် နှုးညံ့ညက်ညောစေပါတယ်။
- အ၀တ်စဖြင့် နွားနို့ စွတ်ပြီးပရိဘောဂများကိုပွတ်တိုက်ပေးပါကအညစ်အကြေးများကျွတ်ပြီး ပြောင်လက်လာစေပါသည်။
- ကြက်သွန်ဖြူ ကိုက်စားပြီးနွားနို့ တစ်ခွက်သောက်ပေးလျှင် အနံနံ့ ခြင်းကို ပျောက်ကင်းစေပါတယ်။
No comments:
Post a Comment