မိုးရိပ်မှရောက်လာသောမိတ်ဆွေများကိုနွေးထွေးစွာကြိုဆိုပါတယ်နော်...စိတ်၏ချမ်းသားခြင်း...ကိုယ်၏ကျမ်းမာခြင်းများနှင့်ပြည့်စုံကြပါစေရှင်
Thursday, March 15, 2012
အကြံပြုခြင်း
           ဒီနည်းက ..ကိုယ့်ဘာသာကို ထွင်ထားတာပါ..။အရင်က ခြေလေးချောင်းဖြတ်နိုင်ဖို့ကြိုးစားပေမယ့်
မအောင်မြင်ပါဘူး.. ၀က်သားမဖြတ်နိုင်လို့ ပါ..ကျန်တဲ့ ခြေလေးချောင်းသား ဆို
လှည့်တောင်မကြည့်ပါဘူး..အဲ့ ဝက်ဆိုရင်တော့ အကောင်လိုက်ကို မောင်းသွင်းတာ
..။အဲ့ ဝက်ကြောင့် ခြေလေးချောင်းဖြတ်ချင်ပေမယ့် ..မပြတ်ပဲ ဖြစ်နေတာ ..။
            ခု..ခေါင်းထဲရောက်လာတဲ့ ..အတွေးကတော့ ..အဖေ့မွေးရက်၊ အမေ့မွေးရက် ၊အစ်ကို
့မွေးရက်၊ကိုကြီး မွေးရက်နဲ့  ကိုယ့် မွေးရက်..။ အင်း...အဲ့နေ့ တွေမှာ ခြေလေးချောင်းသားရှောင်မယ်ပေါ့...။
အမေက အင်္ဂါ ၊အဖေ အစ်ကို နဲ့  ကိုယ်က တနင်္လာ ၊ ကိုကြီး က စနေ..ဟဲဟဲ အဲ့ 3 ရက်ပဲရှောင်ရမှာ။
             ပြောချင်တာကတော့ ..ကိုယ့်လို ခြေလေးချောင်းသားရှောင်ချင်ပေမယ့်ရှောင်ဖို့ ခက်နေတဲ
့သူတွေအတွက် အကြံပေးချင်တာပါ..။ကိုယ့်အထွတ်အမြတ်ထားရတဲ့ လူတွေရဲ့ မွေး နေ့ မွေးရက် ဒါမှ
မဟုတ် ..အခါကြီးရက်ကြီး တွေမှာ ..ရှောင်ကြည့်ပါ..။အစပိုင်းတော့ ခက်ပေမဲ့ နောက်တော
့အသားကျသွားပါလိမ့်မယ်..။ခုဆို ကိုယ်တောင် တော်တော်
ဟုတ်နေပြီဟ....။ရှောင်ရုံတောင်မဟုတ်တော့ဘူး..ပြတ်တောင်ပြတ်နေပြီ။
ဆန်ချင်ဆန်နေလိမ့်မယ်... တော်တော် အသုံးဝင်လို့ ..လက်တို့ လိုက်ပါရဲ့ ..။
No comments:
Post a Comment