ဒီခေါင်းစဉ်အောက်မှာရေးတဲ့ စာကြောင်းတွေအားလုံးက..မိုးရိပ်ကို ရဲ့ ခံစားချက်တွေကို
ချစ်သူ....
*** မိုးရိပ်ကို ***
မေတ္တာရပ်ခံချက်
တစ်ယောက်သောသူကို ရည်စူးထားတဲ့ အတွက်..copy မလုပ်ရန်အနှုးအညွတ်တောင်းဆိုပါတယ်။
စာစီထားတာပါ...။ ဒါကို ကဗျာလို့ ခေါင်းစဉ်တတ်လဲ ဖြစ်တယ်..ဒါပေမယ့် မိုးရိပ်ကို သိတာ..ကဗျာဆိုတာ ...
လေးချိုး၊ ကာချင်း၊လေးလုံးစပ်၊တွာချင်း...အင်းအဲ့တာမျိုးလောက်ပဲ ..ကဗျာလို့ ထင်တာ...။ ခု ..မိုးရိပ်ကို
ရေးတဲ့ ဟာကအဲ့တာတွေ တစ်ခုမှ မပါတော့ ...ကဗျာ မဟုတ်ပါဘူး..ခံစားချက်တွေကို ဖတ်လို့ 
ကောင်းအောင် စာစီလိုက်တာပါ..။
" တောင်းဆုတစ်ခုရဲ့ တောင်ပံခတ်သံ"
ချစ်သူ....
မိုးလင်းလို့  ပြတင်းတံခါးဖွင့်စဉ်မှာ
မင်းကိုယ်ကို လာထိတွေ့ တဲ့  လေပြေအေးလေး
ငါ ဖြစ်ပါရစေ။
ချစ်သူ....
အားငယ်လို့ ငိုကြွေးတဲ့ အခါ
ကျဆင်းလာတဲ့ မျက်ရည်တွေကို
တိုက်ဖျက်မဲ့ ပျက်လုံးတစ်ကွက်
ငါ ဖြစ်ပါရစေ။
ချစ်သူ....
ကျရှုံးမှုတွေနဲ့ မွန်းကျပ်နေချိန်မှာ
စိတ်သစ်တွေပြန်လည်နိုးထစေမဲ့ 
ခွန်အားသစ်တစ်ခု
ငါ ဖြစ်ပါရစေ။
ချစ်သူ....
အဖော်မဲ့ ညတွေမှာရင်ဖွင့်ဖို့ 
ကောင်းကင်ကို မော့ကြည့်တဲ့ အခါ
မင်းရွေးချယ်တဲ့ ကြယ်တစ်လုံး
ငါ ဖြစ်ပါရစေ။
အလိုချင်ဆုံးတောင်းဆုအတွက်
ငါ့ဘ၀ကို မင်းရဲ့ ရယ်သံ၊အပြုံး၊ကိုယ်ငွေ့ များနဲ့ 
အသက်ရှင်ခွင့်ရှိပါရစေ။
မင်း လိုအပ်ချက်တွေ ပြည့်စုံဖို့ စိတ်ကူးတိုင်း
အပြာရောင်သံစဉ်များနဲ့ 
မင်းအပါး......
ငါ ရာက်လို့  လာပါရစေ..။
မေတ္တာရပ်ခံချက်
တစ်ယောက်သောသူကို ရည်စူးထားတဲ့ အတွက်..copy မလုပ်ရန်အနှုးအညွတ်တောင်းဆိုပါတယ်။
No comments:
Post a Comment