မိုးရိပ်မှရောက်လာသောမိတ်ဆွေများကိုနွေးထွေးစွာကြိုဆိုပါတယ်နော်...စိတ်၏ချမ်းသားခြင်း...ကိုယ်၏ကျမ်းမာခြင်းများနှင့်ပြည့်စုံကြပါစေရှင်

Friday, March 2, 2012

Blog ရေးရခြင်း၏အကြောင်းအရင်း

        Blog တစ်ခုရေးဖို့ ဆိုတာ ...လွယ်တဲ့ ကိစ္စတစ်ခုမဟုတ်မှန်တော့ ကိုယ်သိတယ်။
ဦးဇင်းတစ်ပါး ကိုပြောပြဖူးတယ်..ကိုယ် blog ရေးဖြစ်မယ်ထင်တယ်လို့ ..။
သူကပြောတယ် blog ရေးတယ်ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူး..အချိန်ပေးနိုင်လို့ လားတဲ့ ...။
ဟုတ်ကဲ့ ။လွယ်တဲ့ ကိစ္စမဟုတ်တာလည်းသိတယ်..အချိန်ပေးနိုင်လားဆိုတော့ .
တစ်နေ့ မှာ 2-3 နာရီလောက်ကအွန်လိုင်းပေါ် ကိုယ်ရောက်နေကျ။
အချိန်အများစုကတော့  chatting ထဲမှာ ..ဒါမှာမဟုတ် Gameတစ်ခုခုထဲမှာ..။
ခုဆုံးဖြစ်လိုက်တယ်လေ..Chatting နဲ့  Game ကိုခေါက် ..Blog ကိုဇောက်ချလုပ်ဖို့ ..။
    
      ကိုယ်ကြည့်တယ်..။blog တော်တော်များများမှာ ..
Clock , Calendar, Widget,Chat-box လေးတွေရှိကြတယ်..။
100 မှာ 99 ခုလောက်က အဲ့တာလေးတွေနဲ့ ..။ဒါဆို မိုးရိပ်ကို blog ကော..?
နာရီများ ..ခုငုံ့ ကြည့်တောင်ရပါ့... မမြင်ရမှာတော့ပူစရာမလိုဘူး ပတ်ထားတဲ့နာရီက....
ဇကောလောက်ကိုရှိတာ..ဒါတောင်တိုင်ကပ်နာရီ လည်မှာစွဲထားဖို့  ကြိုးရှာလို့ မတွေ့ သေးလို့ ။ ပြက္ခဒိန်လား..အိုး..မိုးလင်းတာနဲ့ နာ၇ီက Date ကိုကြည့်သိတာပဲ။ဟွန့် ကွန်ပျူတာမှာလည်း ပါတာပဲကို..။အင်း..Widget လဲ သိပ်မနှိပ်လှပါဘူး..။အယ်..Chat-box..ဒါတော့စိတ်ဝင်စားတယ်..
လုပ်ဖြစ်အောင်လုပ်မယ်လို့ လည်း စိတ်ကူးလည်းရှိရဲ့ ...နေပါဦး ..blog တစ်ခုစီတိုင်းမှာ ဒါတွေပါရမယ်...လို့ များ သတ်မှတ်ထားလေသလားလို့ ..မေးကြည့်တော့ ..မသတ်မှတ်ထားပါဘူးတဲ့ ..။
ဒါဆို လုပ်ဖူးဟာ.....ဒါတွေမရှိလည်း blog ရေးလို့ ရတာပဲ..။အဲ့တာကြောင့် လုပ်ဝူးဟာ။
(မလုပ်တတ်ရင် မလုပ်တတ်ဘူးပေါ့...) အေး ..၀န်ခံတယ်ဟ... မလုပ်တတ်တာတော့ ဝန်ခံတယ်ဟ။ ခုချိန်မှာတော့ ..ဒါတွေမလုပ်တတ်တာအမှန်အကန်ပဲ..။
        လုပ်တတ်ခဲ့ရင်ကော..? အင်းလေ..လူဆိုတာက တစ်နေရာထဲမှာ ရပ်နေတာမှ မဟုတ်တာကိုး..။
တစ်ချိန်မှာ လုပ်တတ်သွားလို့ လုပ်ဖြစ်ချင်လည်းလုပ်ဖြစ်မှာပေါ့.လူ့ စိတ်ဆိုတာ ပြောလို့ မှမရတာကိုးနော့ အွန်း..လုပ်တတ်ဖြစ်ခဲ့ရင်လည်း..မလုပ်ဖြစ်ဖို့ များပါတယ်...blog အများစု..100 မှာ 99 ခုက
ရှိနေမှတော့ ..အဲ့ဒီ အဆင်တန်ဆာတွေမပါတဲ့ ..နောက်ဆုံး အခု 100မြောက်ဟာ....
မိုးရိပ်နေ့ စွဲများ...ပေါ့...။ဌဲ..ဌဲ...။
          ပြီးတော့ ..."ငါတော့ .. blog ရေးနေပြီ "လို့ များ တပ်လွှင့်လိုက်၇င်..သေချာတာပေါ့.. "ဘာ..ဘယ်လို..မင်းက။facebook တောင် အပတ်လည်အောင်မသုံးတတ်တဲ့ လူက blog ရေးတယ်..ပန်းထိမ်မတတ်ခင် ရွှေခိုးမသင်ချင်စမ်းပါနဲ့ " ဆိုပြီး ...အံ့ သြသံစွက် အူလှိုက်သဲလှိုက်..ခွက်ထိုးခွက်လန်..(မရယ်ချင်တောင်..ကလိထိုးပြီးဟားမှာ) ..
ဘယ်သူမှတော့ မဟုတ်ပါဘူး..ကိုယ့်အစ်ကိုပါ။
          မှန်ပါတယ်။ ကိုယ်က facebook တောင် အပတ်လည်အောင်မသုံးတတ်သူပါ..။
ဒီလိုလူက blog ရေးတယ်ဆိုတော့ ..ဟာသကြီး ..တစ်ခုပေါ့.....မိုးရိပ်နေ့ စွဲများ...  ဖြစ်လာတယ်ဆိုတာလည်း..ကိုယ့်အစွမ်းစကြောင့်မဟုတ်ဘူး..။ခေါင်းကိုက်တာ
တောင်အင်္ဂလိပ်လို့ မပေါင်းတတ်တာသိနေတဲ့ ..ကိုယ့်ကို..ဆရာကိုကြီး တစ်ယောက် က blog ရေးဖို့ ပြောလာတော့ ..ထူးဆန်းမိသေးတယ်..။ကိုယ့်ပိန်းတာကိုယ်သိထားတော့ အစက ရေးဖို့ စိတ်မပါလှဘူး။ 
နောက်တော့ ....သိပ်မခက်ပါဘူး အားပေးစကားကြောင့်ကော..ရည်ရွယ်ချက်တစ်ချို့ လည်း ခေါင်းထဲရှိလာတာကြောင့် blog ရေးဖို့ ဖြစ်လာပါကော..။ဒီလိုနဲ့ ..မန္တလေးနဲ့ ရန်ကုန်ကို.. Online ကနေ commanပေးပြီးblog လုပ်ကြပါလေကော..။ ရော်..ဒီက ဘေးကတစ်လုံးခြင်း ပြောပြရင်တောင် လိပ်ပတ်လည်အောင် နားထောင်ယူရတာ.. Online တစ်ဆင့်ဆိုတော့ ..ဝေးပြီပေါ့..။
နောက်ဆုံးတော့ "'ဒီလောက်ပိန်းမှန်း မသိလို့ " ဆိုပြီး ဆလံပေးရုံတင်မကဘူး လက်ကောခြေထောက်တွေပါမြှောက်ကုန်တာ...အဆုံးသတ်တာကတော့   ..
သူ့ ဟာသူလုပ် သူ့ ဟာသူ ခေါင်းစဉ်တပ်င်္ပြီး..ရော့..အင့်..ဆိုပြီး ပေးချလာတာ။ကောင်းရော..။
ဟွန့် ပိန်းပါတယ်ဆို ။အားလုံးချုပ်လိုက်တော့ ..မိုးရိပ်နေ့ စွဲများ...ဆို တာဖြစ်လာတာ ဆရာကိုကြီး တစ်ယောက်ကြောင့်လို့ ပဲဆိုပါတော့ ။(ဟွင်း ..ကိုယ့်အစွမ်းအစနဲ့ဆို ..Blog ရေးဖို့ ထား...Blog ဆိုတာစားလို့ ရလားလို့ တောင် မေးမိဦးမှာ )အဲ့လောက်ထိ ကိုယ်ပိန်းတာ..။
              အဲ့လောက်ပိန်းတာ...ဒါနဲ့များဘာလို့ ရေးနေသေးလဲ? လုပ်လာမယ့်လူတွေရှိသေးတာ..ကိုယ်သိနေတယ်လေ။ခုတောင်ဖတ်ရင်း..နှုတ်ခမ်းကဘေးကို တစ်ထွာလောက် ရွှေ့ နေလောက်ပြီ..။သိတာပေါ့...။ စောဖေတို့ ကနောကျေနေပြီလေ..။ 
               ရေးမှာ ..။ပိန်းတာကပိန်းတာပဲ..။ရေးတာကတော့ရေးမှာ..။
အကုန်ရေးမှာ..ခေါင်းထဲရှိတာ..အကုန်ရေးမှာ..။သိသမျှ တတ်သမျှ အကုန်ရေးမှာ..။
ဖတ်မဲ့ လူမရှိနေ..ကိုယ့်ဟာကိုယ် ထိုင်ဖတ်မယ်။ မှတ်ပလား..။
                ရေးချင်ရေးပေါ့...။ နို့ နေပါဦး မင်းက ဘာရေးမှာမို့ လဲ? တစ်ထွာ တစ်မိုက်ဥာဏ်နဲ့ လို့ ..လုပ်လာမဲ့လူတွေရှိသေးတယ်ဆိုတာလည်း ..ကိုယ်ကသိနေပြန်သေးတယ်..။ 
     ဟုတ်ကဲ့ ။ဝန်ခံပါတယ်..။ကိုယ့်ကသိလို့ တတ်လို့ ရေးတာမဟုတ်ဘူးဆိုတာတော့ အသေအချာပဲ။တခြား blogger တွေလို နည်းပညာပိုင်းတွေနိုင်ငံရေးပိုင်းတွေ ..ဗီဒီယိုဖိုင်..စာကြည့်တိုက်ဆိုတာတွေ ကိုယ်ထည့်နိုင်မယ်မထင်ဘူး..။(ခုချိန်မှာပေါ့) ။
            ဒါဆို ဘာရေးမှာလဲ?  နိုင်ငံရေးအကြောင်းလည်းပါဖူး..နည်းပညာပိုင်းလဲ ဟုတ်ဖူး..။ဟဲ..ကိုယ့်အကြောင့်ကိုယ်ရေးမှာ..။မိုးရိပ်နေ့ စွဲများ..အတိုင်းပေါ့..နေ့ ရက်တွေတိုင်းမှာ ဘာဖြစ်ခဲ့တယ် ..ဘာလုပ်ခဲ့တယ်..ဘာကောင်းမှုနဲ့ ဘယ်လိုဆိုးမှုတွေ လုပ်ခဲ့တယ်..ပြီင်္းတော့ ကိုယ့်ဖြစ်ပျက်ခဲ့တဲ့ နေ့ ရက်တွေ၇ဲ့ အမှတ်တရတွေကို ဘယ်လိုဝမ်းနည်းမှုနဲ့ ဘယ်လိုပျော်ရွှင်စရာတွေနဲ့ ဖြတ်သန်းခဲ့တယ်ဆိုတာ...ရေးမှာ။ ပြီးတော့ ဓာတ်ပုံတွေလည်းပါမယ်
ကျန်သေးတယ်..ကိုယ်သန်ရာ..စာတိုပေစ..အတိုအထွာ..အစအန တွေလည်းပါမှာပေါ့...။
              "နင့်အကြောင့် ဘယ်သူဖတ်မှာတုံး" ဆိုလာပြန်လည်း..မိုးရိပ်ကို ကပြုံးပြုံးလေးပဲဖြေမှာပေါ့...။ 
 ကိုယ့်ရဲ့  နောင်လာမဲ့ နောက်လာနောက်သားတွေ သားသမီး၊တူ၊တူမ၊မြေး၊မြစ်၊တီ၊တွတ်၊ကျွတ်၊
ဘရွတ်...(အလဲ့ ကလေးစုတ်က မခန့် တာ)..။အင်း သူတို့ လေးတွေ ဖတ်မှာပေါ့.။
အတည်ပြောတာ..blog ရေးတဲ့ အကြောင်းကလည်း အဲ့တာပဲလေ..။
ကိုယ်ဒီလူ့ လောကကြီးမှာမရှိတော့တဲ့ အချိန်..ကိုယ့်အကြောင်းကို သူတို့ သိဖို့ ကြိုးစားမှာပဲ..။
အဲ့ချိန်မှာ ကိုယ့်အကြောင်းတွေပြောပြမဲ့ လူတခမ်းတနာှးရာစရာမလိုအောင်လို့ ပါ..ကိုယ့်blog လေး သူတို့ မြင်တဲ့ အခါ တစ်ချိန်က ကိုယ်ဘာတွေလုပ်ခဲ့တယ်ဆို တာ..ပြောပြမဲ့ လူမရှိတောင် သူတို့ သိနိုင်လိမ့်မယ်..။အဓိကကတော့  ကိုယ့်လို မဖြစ်အောင်ပါ..။ကိုယ်က ခုချိန်မှာ အဘိုးအဘွားမရှိတော့တဲ့ ..မြေးတစ်ကောင်ပေါ့..။အဘိုးအဘွားနဲ့ နွေးထွေးစွာလည်း မနေခဲ့ ရဖူးဘူး..သူတို့ ရုပ်လွှာတွေမှတ်မိဖို့ ဆိုတာ..ကိုယ့်အတွက်တော်တော် မလွယ်ဘူး..။ဓာတ်ပုံဆိုလို့ အဘွား(အဖေ့ အမေ) ပုံလေး တစ်ချို့ လောက်ပဲရှိတော့တာ..။ကျန်တဲ့ အဖိုးအဖွားဆိုတာ အဖြူအမဲမသဲကွဲတော့ဘူး..။အဖိုးပုံဆိုတာ မှတ်ပုံတင်ထဲကဟာလေး လောက်ပဲရှိတော့ တာ..။သူတို့ အကြောင်း သိရဖို့ ဆိုတာလူကြီးတွေ စကားစပ်မိချိန်လောက်ပဲ..ပြီးတော့ကိုယ်က လူကြီးတွေနား ကပ်တဲ့လူလည်းမဟုတ်..။
ကဲ..ကြည့်...ဆိုးဝါးလိုက်တဲ့ ဘ၀..။အဖိုးအဖွားအကြောင်း  ဂုဏ်ယူပြောဖို့ ဆိုတာ .ဟိုး..အဝေးကြီး။
အဲ့ဂလိုကြောင့်..ကိုယ့်ရဲ့ နောင်လာမယ့် မျိုးဆက်သစ်လေးတွေ..ကိုယ့်အကြောင်းပြောပြမဲ့လူမရှိလည်း သိပ်ဂရုစိုက်စရာတော့မလိုပါဘူး..။ကိုယ့်blog လေး ရှိနေပြီလေ..။ဂွတ်ဒ်တယ်နော့ ။
              နောက်တစ်ချက်က ကိုယ့်ဘော်ဒါတွေအတွက်..ပြည်ပရောက်နေတဲ့ ဘော်ဒါတွေကော. .ပြည်တွင်းမှာရှိတဲ့ ဘော်ဒါတွေကော..နေ့ ရက်တိုင်းမှာကိုယ်ဘာတွေလုပ်နေပြီ..
ဘာတွေဖြစ်နေပြီဆိုတာ..phone ဆက်mail မပို့ လည်း ကိုယ့်blog ဖတ် သူတို့ သိပြိပေါ့..။
ဒါတင်ဘယ်ကမလဲ..ကိုယ်သိတဲ့ အကြောင်းအရာအချို့လည်းလူစုံအောင်
လိုက်ပြောစရာမလိုတော့  ဘူးလေ။
               နောက်တစ်ချက်က ..ကိုယ့် blog လေး ဖတ်ပြီး အကျိုးတစ်ခုခု ဒါမှ မဟုတ် ရသ တစ်ခုခုတော့  ရစေချင်ပြန်ကော...။ဖတ်ချင်အောင်..စိတ်ဝင်စားစရာလေးတွေလည်းရေးပြချင်သေးတာ..။
လူစိတ်ဝင်စားအောင် ရေးဖို့  ၊ကိုယ့်စာလေး ဖတ်ပြီး အကျိုှးရှိသွားဖို့ ဆိုတာကလည်း စာအုပ်တွေထဲကရှာမှရမှာ လေ..(အေးလေ  ကိုယ်က ပေါက်ကရပဲရေးတတ်တာကို)ကိုယ့်စာလေး ဖတ်ပြီး အကျိုှးရှိသွားအောင်လုပ်ဖို့ ဆိုတာကလည်း ကိုယ့်ထက်ဆရာကျတဲ့ လူတွေရေးတဲ့ ..စာမျိုးပဲဖြစ်နိုင်မှာ။ ဂလိုဆို သေချာတာပေါ့ ကိုယ်စာအုပ်ပုံထဲတိုးရပြီ ။...အလိုလိုနေရင်းကိုစာဖတ်ဖြစ်ပြီပေါ့..။
ကိုယ်ရေးပြမယ့် စာကြောင်းက ဖတ်မယ့်လူတွေကို အကျိုးရှိစေချင်ပြန်တော့ ..အကျိုးရှိတဲ့ စာတွေကိုဖတ်ဖို့  ကိုယ့်မှာအကြောင်းက ဖန်လာကော..။ကဲ...အကြောင်းကြောင့် အကျိုးဖြစ်။ 
           အရေးကြီးဆုံးအချက်...အဟတ်..ကိုယ့်ကို  စိတ်ဝင်စားတဲ့ ကောင်လေးတွေအတွက်။
 ကိုယ့်အကြောင်းဘယ်သူမှ မဖတ်ချင်တောင်..ကိုယ့်ကို စိတ်ဝင်စားတဲ့ ကောင်လေးတွေကတော့ မကြွင်းမကျန်မချွင်းမချန်ဖတ်မှာ ကိုယ်ယုံကြည်ရဲ့ ..။(ဘာရို့ ရဲချိုတော့  ကိုယ့်တုန်းကလည်း ဂလိုကိုး..) အင်းလေ..ဘယ်သူမဆို ကိုယ်စိတ်ဝင်စားတဲ့ လူအကြောင်းတော့ သိချင်ကြတာပဲကိုလို့ .။
ဟိုလူ့ လိုက်မေး ဒီလောက်လိုက်မေး ..ဟိုလူ့ ဖား ဒီလူ့ ငါးနဲ့ ...စိတ်ဝင်စားသူတစ်ယောက်ကြောင်းသိရဖို့ ပင်ပန်းလိုက်တာ..။အဲ့ ...ကိုယ့်အကြောင်း သိဖို့တော့ အဲ့လောက်လိုပါဘူးဟယ်..။ 
ငါ့..blog လေးဖတ် ၇ပါတယ်။

               "  အဲ့ ဂလို..အဲ့ဂလို...တွေကြောင့် မိုးရိပ်ကို blog ရေးပါတယ်..။ "
             

1 comment:

  1. ရေးပါညီမရေ အားပေးနေပါမယ်...
    ဒီလိုပါပဲ အမလည်းရေးတတ်လို့မဟုတ်ပါဘူး...
    လျှောက်ရေးနေတာ.. ခင်တဲ့မမ

    ReplyDelete