မိုးရိပ်မှရောက်လာသောမိတ်ဆွေများကိုနွေးထွေးစွာကြိုဆိုပါတယ်နော်...စိတ်၏ချမ်းသားခြင်း...ကိုယ်၏ကျမ်းမာခြင်းများနှင့်ပြည့်စုံကြပါစေရှင်

Thursday, March 15, 2012

မိုးရိပ်ကို ဆိုတာ.....


              နာမည်ကတော့ ..မိုးရိပ်ကို ။ရုပ်၇ည်ကတော့ ..မိုးဟေကိုနဲ့ နင်လားငါလား ..။(မထင်နဲ့ ) အယ် 

တစ်နေရာတော့ တူပါတယ်..အသားအရောင်ချင်း ပြောပါတယ်..။ 



              ချစ်ဖားသား ဦးစံသာနဲ့  ချစ်မေမေ ဒေါ်စံနုခင်တို့ မှ ပေါက်ဖွားလာတဲ့ ကိုယ်က မွေးချင်းအစ်ကို 

တစ်ယောက်ရှိပါတယ်..။(ယောက်မတော်ချင်တဲ့  လူတွေ 

စာရင်းပေးလို့ ရပါတယ်..။ရုပ်၇ည်ကန့် သတ်ချက်မရှိပါဘူး...ယူတဲ့ ယောက်မကို တစ်လ

ဆန်တစ်အိတ်နဲ့ ပိုက်ဆံ50000 ...အိမ်အရောက်ထမ်းပို့  

့ပါ့မယ်... (အဲ့ ပြန်အမ်းရင်တော့ နှစ်ဆ ..လျှော်ရမှာပါ။)

              မွေးသက္ကရာဇ်ကတော့ ...9.11.1992 (MON) ..မှာ

အကောင်လိုက်မွေးပါတယ်။ပညာအရည်အချင်းကတော့ ..ဆယ်တန်းမှာ နှစ်နှစ်..(စာမကြေမှာဆိုးလို

့..)။ခုလောလောဆယ်တော့ ..Mya first year ကို distant နဲ့ တက်နေပါတယ်..။မြန်မာစာယူလို့ 

အထင်တော့ မသေးလိုက်ပါနဲ့ ..ဆေးလိုင်းမမှီလို့  မြန်မာစာယူတာ..။(ဘယ်မှီလိမ့်မတုံး ရတဲ့ အမှတ်က

သုံးစားမှ မရတာ ..271 မှတ်..။ဆေးလိုင်းမှမရတာ..မရရတာ ယူရတာပေါ့)။

              ဘာသာစကားလား...တရုတ်လို ဝေါ်အိုက်နီလေ..အင်္ဂလိပ်လို အိုင်လပ်ဖ်ယူ..။speaking

လား..အိုး..A  to Z ဂျောင်းဂျောင်းမြည်အောင်ရွှတ်နိုင်တာပေါ့. ..။မြန်မာစာယူထားလို့ ...ပါဌိ ပတ်ဆင့်

တော်တော် ကျွမ်းမှာပေါ့...(မထင်လိုက်နဲ့ ).. စာလုံးပေါင်းတောင် မှန်အောင်မနည်းပေါင်းယူနေရတာ။

့ Brain ကောင်းတယ်လို့ ..ဘော်ဒါတစ်ချို့ ကသတ်မှတ်တယ်..မှတ်မှာပေါ့

တစ်ပွဲထိုးဥာဏ်..ခုကျက်ခုရ..ခုမေးခုဖြေ..တော်ကြာလာမေး အကုန်မေ့ ..။(ခုနေတဲ့ 

အိမ်နံပါတ်တောင်..၀ါးတားတား..။ရမ်းသမ်းထည့်တာ..တစ်ခုနဲ့ တစ်ခုနဲ့ တလွဲစီ။ မှတ်ပုံတင်ရတာ

4နှစ်ကျော်..နံပါတ် အလွတ်ကျက်နေတာ ခုထိ..။)

                   ပိန်းတာတော့တစ်ဖက်ကမ်းခတ်ပဲ..။မယုံလာစမ်းကြည့်...။ဆလံပါ

ပေးသွားမယ်..။(ကြွားတာတော့ မဟုတ်ဘူး)။

              

               ရည်းစားလုံးဝမထားဖူးပါ..ဂယ်ပြောတာ ဘုရားစူး မိုးကြိုးပွတ် ..ရည်းစားမထားဖူးတာပါ..ဟွန့်

့..(ရည်းစားတွေကချည်း ထားသွားကြတာ)..။


                   မိုးရိပ်ကိုအပေါ်..လူတွေရဲ့ အမြင်......

        မိသားစုရဲ့ အမြင်မှာတော့ ....ကိုယ်က

ပြောစကားနားမထောင်..စိတ်ထင်ရာလုပ်..ခေါင်းမာ..သံယောဇဉ်ကင်းမဲ့တဲ့ ကလေးတစ်ယောက်ပေါ့။

(ကိုယ်.. ဆိုးတာမှန်ပါတယ်.ဒါပေမယ့်ကလေးမိုက်မဖြစ်အောင်တော့ နေတယ်)


         ဆွေမျိုးအသိုင်းအ၀ိုင်းက....
 
အသုံးအဖြုံးကြီးသူ.....အရွဲ့ တိုက်တတ်သူလို့ သတ်မှတ်ပါတယ်..။

(မှန်ပါတယ်..ကိုယ်အသုံးအဖြုံးကြီးတယ်....။ဆယ်တန်းအောင်ပြီး တည်းက လခစားဝန်ထမ်း

ဖြစ်တယ်..ရတဲ့ လခ အိမ်ကို မအပ်ဘူး..။ လခ မအပ်ပေမဲ့ ကိုယ်ပိုက်ဆံရှာတတ်တဲ့ အချိန်ကစပြီး အိမ်က

ပိုက်ဆံ တစ်ပါးမှ လက်ဖြန့် မတောင်းခဲ့ ဖူးဘူး..။ကိုယ့်ရတဲ့ ဝင်ငွေနဲ့ ကိုယ့်အသုံးစရိတ်ကို လောက်ဌအောင်

သုံးဖို့  အိမ်ကို ပြန်အပ်ဖို့ ငွေမပိုဘူး..။ကိုယ.့်ကျောင်းစရိတ်..ကိုယ့်


့ကျူရှင်စရိတ်..ကိုယ့်သုံးစရိတ်..အပတ်လည်အောင် သုံးရတဲ့ အတွက် ကိုယ်ပိုက်ဆံပြန်မအပ်နိုင်တော့

့အသုံးအဖြုံးကြီးတယ်လို့ နာမည်ကြီးတယ်..။တစ်ထောင်အပ်ပြီး နှစ်ထောင် လက်ဖြန့် တောင်းတတ်တဲ့

့အကျင့် မျိုး ကိုယ်မွေးတတ်လာရင်တော့ ဒီနာမည်ပျောက်ကောင်းပါတယ်..။)

           ကိုယ့် ခံယူချက်.....
              
         **** လူငယ်ပီပီ..အချူပ်အနှာင်မရှိ လွပ်လပ်စွာနေတယ်..မပျက်စီးဘူး။
   
         **** ကိုယ်ကျေနပ်လို့ လုပ်လိုက်တဲ့ အမှားအတွက်..ဘယ်တော့ မှနောင်တမရဘူး..။

         **** ဘယ်လူကြောင့်မှ ကိုယ့်ဘ၀ အညွှန့် ကျိုးမခံဘူး။

         **** ကိုယ်ကြိုက်တာကိုယ်လုပ် ..ကိုယ်ဖြစ်ကိုယ်ခံပဲ..။

         ကိုယ်မုန်းတဲ့ ယောက်ကျား....

                 တာဝန်ယူချင်တဲ့ စိတ်မရှိတဲ့ ယောက်ကျား..

                 ပျော့ညံ့ တဲ့ ယောက်ကျား..

                  တေိဆိဆတနဆ

   ကိုယ်နှစ်သက်တဲ့ ယောက်ကျား..

                 အရပ်ပုတာကလွဲရင်...စဉ်းစားလို့ ရပါတယ်..။

2 comments:

  1. ရေးထားတာသဘောကျတယ်...ကောင်းတယ်

    အကောင်လိုက်မွေးတယ်ဆိုတာရယ်..
    ရည်းစားတွေကချည်းထားသွားတယ်ဆိုတာရယ်..
    ဆိုးပေမဲ့ကလေးမိုက်မဖြစ်အောင်တော့နေတယ်ဆိုတာရယ်..
    သဘောအကျဆုံးကတော့
    မိဘကိုစိတ်ချမ်းသာအောင်မထားနိုင်ပေမဲ့စိတ်ဆင်းရဲအောင်ဘယ်တော့မှမ
    လုပ်ဘူးဆိုတာပါဘဲ...

    တနေ့နေ့မှာ တစ်နေရာရာ မှာတော့ထူးချွန်လာလိမ့်မယ်ထင်တယ်

    ခေါင်းမာတာရှာရင်းရောက်လာတာပါ

    ReplyDelete
  2. သဘောကျတာ ကျန်သေးတယ်

    ပျော်ပျော်နေသေခဲ အိမ်မှာနေအမေဆဲ

    ReplyDelete